ကားကို သူ့ရည်းစားဟောင်းဆီ မောင်းနေတဲ့bossဟာ အရှိန်ပြင်းလွန်းသည်...။
အရှိန်ကြီးနဲ့တစ်ဖက်လမ်းကို ကွေ့တာမို့ ခါးပိတ် ပတ်မထားတဲ့ ဆယ်ဟွန်းဟာ Bossရင်ခွင်ထဲရောက်လုနီးပါ...။
အလိုက်သိလွန်းတဲ့ လက်တွေသာ bossဖြစ်သူရဲ့ ပေါင်ကိုပါဆုပ်ကိုင်လိုက်ပီးသားပင်...။
Bossကောင်ကြီးကိုပင် အနည်းငယ် ထိလိုက်မိသေး..။
"လိုချင်နေပီးလား ဖြည်းဖြည်းပေါ့ စောပါသေးတယ်"
"ဘာ..ဘာတွေ..လာပြောနေတာလဲ"
"ငါ့ပေါင်က လူတိုင်းကို အံသြစေတော့ မင်းစိတ်ပါသွားမှာစိုးလို့"
"Bossစိတ်နဲ့ မနှိုင်းပါနဲ့ခင်ဗျ ကားကိုသာ ဂရုစိုက်မောင်းပေးပါ"
ချန်းယောလ်တစ်ကယ်ပဲ သူ့စိတ်နဲ့ နှိုင်းလိုက်တာပါ...။
တခြားကောင်လေးတွေနဲ့ တွဲတုန်းကလဲ သူ့ပေါင်ကိုလာထိပီး မြှုစွယ်ကြမ်းတိုက်ခဲ့ပေမဲ့ ချန်းယောလ် စိတ်မပါခဲ့...။
ချန်းယောလ်စိတ်ပါလာဖို့ သူတွဲသမျှ ကောင်လေးတွေ အတော်မြှူစွယ်မှပါ....။
ချန်းယောလ်ဘာသာ စိတ်ပါတာမျိုးကလဲအရမ်းရှားသည်...။
ဒီကောင်လေးကျ မှ ဘာမှမလုပ်ရသေး ဒီအထိအတွေ့လေးနဲ့တင် ချန်းယောလ် စိတ်ပါလာသည်တဲ့...။
ကမ္ဘာကြီး ဇောက်ထိုးဖြစ်တော့မှာပဲ..။
ချိန်းထားတဲ့နေရာရောက်တော့ မိမိအရင်ကောင်လေးက မျက်ရည်လေးတွေနဲ့...
သနားမိပေမဲ့ ဘယ်တတ်နိုင်မလဲ?
မိမိက တစ်ခြားတစ်ယောက်ကို သဘောကျမိသွားတာကို...။
နာမည်မေ့ချင်ချင်ဖြစ်နေတဲ့ exဖြစ်တော့မဲ့တစ်ယောက်ဆီကို နာမည်ခုနကမှ သိတဲ့ရည်းစားအသစ်ဖြစ်သူကို လက်ဆွဲခေါ်သွားလိုက်ပီး....
"ဒါ ငါချစ်သူ အိုဆယ်ဟွန်း လမ်းခွဲမယ် မင်းယုံအောင်ခေါ်လာပြတာ "
"ဟင့်...ကိုကိုက သူ့ကို အရမ်းချစ်တာလားဟင်"
Bossရဲ့ ရည်းစားဖြစ်သူအမေးကြောင့် ဆယ်ဟွန်းနှုတ်ခမ်းကို မဲ့ရွဲ့ ပြစ်လိုက်သည်။
ဘယ့်နှယ့် အရမ်းချစ်ရမှာလဲ ခုနကမှ ရည်းစားဖြစ်မယ်ပြောတာလို့ သာ ပြောလိုက်ချင်တယ်..။
Drama တွေလာခင်းနေတယ်...။
"အင်းချစ်တယ် သူ့က ငါ့အသက်"
ပြောင်ရင်း ဆယ်ဟွန်းကို ဆွဲဖက်လိုက်တာကြောင့် လူက တောင့်သွားရ၏။
သတိဝင်ဝင်ချင်း ရုန်းပေမဲ့ ပိုတိုးကျပ်လာတဲ့ လက်တွေကြောင့် boss ဖြစ်သူ နားနာ ကပ်ကာ သွားကြားထဲက ထွက်တဲ့လေသံနှင့်
"လွှတ်ပေး"
"နိုးပဲ"
ဆယ်ဟွန်းလိုပဲ သွားကြားထဲက လေသံနှင့် ပြန်ပြီးပြောကာ ပိုပီး ဖက်လိုက်ပြန်တာကြောင့် ရှေ့က ငိုနေတဲ့ကောင်လေးကို ဟန်ဆောင်ရယ်ပြလိုက်ရသေး၏။
"အရူး.."
"အလုပ်ပြုတ်ချင်လား"
ငိုနေတဲ့လူကိုရှေ့မှာထားကာ အသတ်တိတ်ရန်ဖြစ်နေတဲ့ သူတို့နှစ်ယောက်..။
"ကိုကိုပျော်ရင်ပီးတာပါပဲ ဟင့် သူကိုရိုးသွားလို့ ပြန်လာချင်ရင် ပြန်လာခဲ့နော် ကိုကို သွားတော့မယ်"
ကောင်လေးက ငိုပီး ထွက်သွားပြန်တော့ဆယ်ဟွန်းစိတ်မကောင်း။
"Bossက တော်တော် အကျင့်မကောင်းတာပဲ"
"ဘာပြောတယ်"
အယ်သွားပီ။ ကြားသွားပီး...။တိုးတိုးလေး ပြောလိုက်တာကို။
သွားဖြီးပြပီး ဖက်ထားတဲ့ လက်ကြားထဲက ရုန်းလိုက်ကာ...
"ဘာမှမပြောပါဘူး"
"မင်းနော် ဒီနေ့မှ တစ်ရက်မြောက်နေ့မို့ ခွင့်လွှတ်လိုက်မယ်"
"Company ကိုပြန်ကြတာပေါ့ boss"
"ကောင်းပီလေ"
Companyကို ကားမောင်းပြန်လာတဲ့လမ်းမှာတော့ ဘယ်လောက်အရှိန်မြန်မြန် မလဲကျအောင် ခါးပတ်ကို တင်းနေအောင် စုပ်ကိုင်ထားလိုက်တော့သည်။
ရုံးခန်းထဲ ဝင်လာတော့ အပျိုကြီးမမကို ဆယ်ဟွန်း လှမ်းရီပြလိုက်သေး။
Bossနဲ့ ဆယ်ဟွန်းက ဘယ်ချိန်ပြတ်မလဲဆိုတာ မသိနိုင်ဘူးမလား?
ဒါကြောင့် အပျိုကြီးမမက ဆယ်ဟွန်းရဲ့ ကြိုတင်စုဆောင်းမှု တစ်ခု။
အပျိုကြီးမမကို ရီပြနေတဲ့ ဆယ်ဟွန်းကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတဲ့ လူတစ်ယောက်ရှိနေတာကိုတော့ ဆယ်ဟွန်းမသိ။
......
ဒါလေးလဲ ဖတ်ပေးပါဦးနော် 😁
![](https://img.wattpad.com/cover/178043135-288-k850406.jpg)
YOU ARE READING
My Billionaire 😎
Fanfictionတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤