final(part1)

7.6K 457 97
                                    

"ကိုကို..."

"ဗျာ..."

"အသဲလဲ ရုံးကို လိုက်ချင်တယ် "

"အသဲက ဗိုက်ဗိုက်နဲ့လေကွာ...
ပင်ပန်းမယ် "

"ကိုကို က ဆယ်ဟွန်းနီး မှာ ဗိုက်ဗိုက်ရှိလို့ ရှက်တာလား...
မခေါ်ချင်တာလား"

"မဟုတ်ရပါဘူး ကလေးလေးရာ "

"မခေါ်ရင် ညကျ ဆယ်ဟွန်းနီးနဲ့ လာမအိပ်နဲ့"

ဒါတော့ မဖြစ်ဘူးလေ....။
နေ့တိုင်းမဟုတ်ပေမဲ့ သူစိတ်ကောင်းဝင်တိုင်း ညစာ စားရတတ်တယ်မလား။
ညစာ အငတ်မခံချင်ပါ။

"ကဲ ဗျာ...ပြောမရလဲ လိုက်ခဲ့...
ကိုကို ကစိတ်ပူလို့ကို"

"ယေး..."

ဗိုက်ဗိုက်ရှိလာမှ ပိုပြီး ဂျစ်တူးလေးဖြစ်လာတဲ့ အသဲကို ချန်းယောလ် အူမယားပဲ မနေနိုင်။

ပိုပိုပြီးလဲ ချစ်ဖို့ကောင်းလာသည်။

မင်္ဂလာ ဆောင်ပြီးထဲက ဂျစ်တူးလေးကို အနီးကပ်စောင့်ရှောက်ချင်တာမို့ အိမ်မှာပဲ အလုပ်ယူလုပ်ခဲ့ပေမဲ့ ဒီနေ့ကျ အရေးကြီး အစည်းဝေးရှိတာမို့ Company ကိုသွားရခြင်းဖြစ်သည်။

ဒါကို ဂျစ်တူးလေးက မလိုက်ရမချင်း ဂျစ်နေတာမို့ စိတ်ပူပေမဲ့ Companyကိုခေါ်ခဲ့ရသည်။

ဗိုက်လေးက ငါးလထဲရောက်နေပေမဲ့ လူပျိုဗိုက်မို့ အရမ်းကြီးမပူ။

အင်္ကျီ ပွပွလေးနှင့် ဘောင်းဘီဒူးအထက်လေး ဝတ်ထားတဲ့ အသည်းလေးက တကယ်ကို ကလေးလေးနှင့်တူနေသည်။

ဦးထုတ်လေးကို ပြောင်းပြန်ဆောင်းထားသေးတာမို့ ပါးဖောင်းဖောင်း လေးက အထင်းသား။

ဗိုက်မပေါ်ပေမဲ့ အနည်းငယ် ဝသယောင်လေးဖြစ်ပြီး ပါးဖောင်းဖောင်း လေးနှင့် အတော်လေး ချစ်ဖို့ကောင်းနေတာမို့ သူများတွေ မမြင်အောင်သာ ဖွတ်ထားလိုက်ချင်သည်။

ချန်းယောလ် လက်တစ်ဖက်ကို ဆွဲလို့ ခုန်ဆွ ခုန်ဆွနဲ့ လမ်းလျှောက်နေတာမို့ ချန်းယောလ်မှာ မနည်းတားယူရသည်။

ဗိုက်ထဲက ကလေးလေး အိပ်ပျော်နေတယ်လို့ ချော့ပြောမှ ဘေးက ငြိမ်ငြိမ်လေး လမ်းလျှောက်၏။
ဒါတောင် စူပုတ်ပုတ်နှင့်။

My Billionaire 😎Where stories live. Discover now