Park seyeolလို့ နာမည်ပေးထားတဲ့ သမီးလေးက တစ်အိမ်လုံး ဝိုင်းချစ်တာကို ခံရသည်။
သမီးလေးမှာ ကိုကို လို နားရွက် ကားကားမျက်လုံးဝိုင်းဝိုင်းလေးနှင့် ဆယ်ဟွန်းလို့ နှုတ်ခမ်းပါးပါးလေး ကို ပိုင်ဆိုင်ထားသည်။
အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေးကြောင့် တစ်အိမ်လုံးက ဖူးဖူး မှုတ်ထား၏။
နှစ်နှစ်သာ ရှိသေးတဲ့ သမီးလေးကို ပြင်ဆင်ပေးထားလိုက်တာများ အပျိုလေး တစ်ယောက် သကဲ့သို့။ဆယ်ဟွန်းတောင် သမီးလေးကို သေချာ ဂရုမစိုက်ရ။
ယောက္ခထီးကြီးနဲ့ ကင်ဂျုံအင်းတို့က သမီးလေးကို လက်ထဲက မချနိုင် တစ်နေကုန် ခေါ်ထားကြ၍ပင်။နို့်တိုက်ချိန်နှင့် ညအိပ်ချိန်မှာသာ သမီးလေးကို ဆယ်ဟွန်းချီခွင့်ရသည်။ ခုဆို သမီးလေးကို နို့ဖြတ်လိုက်တာမို့ အိပ်တော့မှာသာ သမီးလေး မျက်နာကို မြင်ရ၏။
အဟင်း...အိပ်ချိန်ကျ သမီးလေးကိုခေါ်မထားပဲ ဆယ်ဟွန်းတို့ဆီ ဘာလို့ပြန်ပို့တယ်ဆိုတာ ဆယ်ဟွန်းသိသည်။
သူတို့နှစ်ယောက် ၏ ချစ်ကြည်နူးတစ်တီးတူးချိန်လေ။
အဲ့ဂျုံမဲက ငထန်ကောင်။ ညတိုင်း ယောက္ခမ ပတ် အနိုင်ကို အနိုင့်ကျင့်တယ်။
မတရားဘူး။ ဆယ်ဟွန်းတို့ကျ မချစ်ရဘူး။
ဆယ်ဟွန်းတို့ကျ သမီးလေးမွေးပြီးထဲက မချစ်နိုင်ခဲ့တော့တာ။
ကိုကိုကလဲ တစ်နေကုန် Company မှာ အလုပ်ရှုပ်နေပြီး ညဆို သမီးလေးနဲ့ အတူ အိပ်ရတာမို့ ဆယ်ဟွန်းတို့ ချစ်ချိန်က ရှိကို မရှိတော့။
ကိုကိုကတော့ပြောပါတယ် ။ သမီးလေး သုံးနှစ်ပြည့်တာနှင့် အခန်းခွဲသိပ်မယ်လို့။
ဒီကြားထဲ အတင်းအောင့်အီးပြီး သည်းခံနေပါမယ်လို့ ကိုကိုက ပြောရှာတယ် ။ သနားပါတယ်နော်😞
ခုလဲကိုကို ရုံးဆီ ထမင်း ချိုင့်သွားပို့ရန်သမီးလေးကို လာခေါ်ရခြင်းဖြစ်သည်။
"ကင်ဂျုံအင်း"
"ပတ်ခ် ဂျုံအင်း ကွ ...
ပီးတော့ ငါက မင်းယောက္ခထီး ရိုရိုသေသေခေါ် "
![](https://img.wattpad.com/cover/178043135-288-k850406.jpg)
YOU ARE READING
My Billionaire 😎
Fanfictionတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤