"ကလေးလေး..."
ဒီအသံကို ဂျုံအင် တော်တော်လေး ရင်းနှီး ပါတယ်။
"ကလေးလေးလို့...ဦးခေါ်နေတယ်လေကွာ "
နောက်ကိုပြန်လှည့်ကြည့်လိုက်တော့မှ ဘောစ်ရဲ့ အဖေ ဖြစ်နေသည်။
ဒါကြောင့် အသံကို ရင်းနှီးပါတယ်လို့...။
ဟိုတစ်နေ့ကမှ ဂျူံအင်ကို အီစီကလီ လုပ်သွားခဲ့သေးတယ်မလား။
ဘာအကြောင်းရှိလို့ Company ကိုလာပါလိမ့်။"Aww ဘောစ် အဖေပါလား...
ဦးလေး ဘာအကြောင်းရှိလို့ လာတာပါလဲ ခင်ဗျ "ကလေးလေးရဲ့ အခေါ်အဝေါ်ကြောင့် Baekhyun တစ်ယောက် မျက်နာကြီး ရှုံမဲ့သွားသည်။
ရှုံတွ သွားတဲ့ မျက်နာကို ကြည့်ပြီး ရယ်ချင်ပေမဲ့ အောင့်ထားလိုက်သည်။
"ဟာကွာ...ကလေးရာ...
ဘယ်နဲ့ ဦးလေးလဲ... ဦးလို့ပဲ ခေါ်ရင် ရပါတယ်
ကိုယ့်အသက်အရွယ်က ဦးလေးအရွယ် မဟုတ်သေးပါဘူးကွာ....""ဟုတ်ကဲ့ ခင်ဗျ "
"ခေါ်ကြည့်ပါဦး ဦးလို့ "
"ဟို..ဟို...ဦး"
မခေါ်ရင် မကောင်းလို့နော်...။
လက်တောက်လောက်လေးပဲ ရှိတဲ့ ကိုယ်လေးနဲ့ ဦးလို့ လာခေါ် ခိုင်းနေရတယ်လို့။
ကတော်စ်.... ။
ဦးတော့ မရဘူး...
ဥပဲ ရမယ်😒"ဦးက ဒီ Company ကို ဦးသား ခရီးက ပြန်မလာ မချင်း လာကြည့်ပေးဖို့ ဒီကို လာခဲ့တာ ဆိုတော့...
ကလေးနဲ့ ခဏခဏ တွေ့ရတော့မှာ ""ဟုတ်ကဲ့ "
"ရိုရို သေသေ မပြောလဲ ရပါတယ်ကွာ...
နောက်ကျရင် ဒီထက်ရင်နှီးဖို့ပဲ ရှိလာမှာပါ ""ခင်ဗျာ "
"နောက်ဆို အလုပ်တူတူလုပ်မှာမလို့ ပြောတာ.."
"Aww...ဟုတ် "
"ဒါဆို ဦး အထဲဝင်ပီနော်"
"ဟုတ်ကဲ့ ခင်ဗျ လိုအပ်တာ ရှိရင် ပြောပါခင်ဗျ "
"ဦးလိုအပ်တာ ကလေးကိုလေ "
"ဗျာ...."
"ဘာမဟုတ်ဘူး ဘာမဟုတ်ဘူး ကလေး အလုပ်ကောင်းကောင်းလုပ် "
ပြောပြီး အခန်းထဲ တန်းဝင်သွားလေရဲ့...။
ဂျူံအင် ကြားသားပဲ ။
အီတီတီစကားကြီးကို..။
သက်သက် မကြားချင်ယောင်ဆောင်တာ။
ထပ်ကြားချင်တယ်လို့တော့ မထင်ကြနဲ့နော်..
ဟွန့်...😒ေ

YOU ARE READING
My Billionaire 😎
Fanficတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤