"Dad ဘာလာ လုပ်တာလဲ "
"မင်းအဖေငါက ကိစ္စရှိမှ မင်းစီလာရမှာလား"
"Dadကြောင့် စားခါနီးကြောင်လေး လွတ်သွားတာကို "
"ဘာပြောတာ"
ချန်းယောလ် မကျေမနပ် တိုးတိုးပဲ ပြောလိုက်တာကြောင့် မသဲမကွဲ ကြားလိုက်ရပီး ထပ်မေးခြင်းဖြစ်မည်။
"ဘာမဟုတ်ဘူး.."
"ငါအခုလာတာ မင်းကို ပြောစရာရှိလို့ "
"ခုနက ကျ ကိစ္စရှိမှ လာရမှာလားပြောပြီး "
"ဘာဖြစ်ဖြစ် မင်းပါစပ်ပိတ် "
"ဟုတ်ကဲ့ "
"ငါအခုလာတာ မင်းကို အိမ်ထောင်ချပေးမလို့"
"ဗျာ...."
"မင်းငြင်းမယ် မစဉ်းစားနဲ့နော် လွတ်လွတ်လပ်လပ် နေချင်သေးတယ်ဘာမယ်လဲ ပြောမယ် မကြံနဲ့"
"သား မိန်းမ မယူနိုင်ဘူး
ယောက်ျား ပဲ ယူမှာ
ပီးတော့ သားမှာ ချစ်သူရှိတယ် ""ငါကလဲ အိမ်ထောင်ပြုဖို့လာပြောတာ
မင်းဘာသာ မိန်းမယူယူ ယောက်ျား ယူယူ
အဓိကက ငါမြေးချရဖို့ပဲ""Dadစကားကိုသားက ငြင်းစရာလား
သားက လိမ္မာတဲ့ သားတစ်ယောက်ပါ "တတ်လဲတတ်နိုင်တဲ့ ပတ်ချန်းယောလ်ပါလေ။
သူကြိုက်တာယူဖို့လဲပြောရော ခုနက ထမင်းဆယ်ရက်လောက် မစားထားရတဲ့ မျက်နာကြီးက ချက်ခြင်းကို ပြုံးဖြီးလာသည်။"ဒါဆို Dad..dad သားသား သားကောင်းလေးဆီ သွားလိုက်ဦးမယ်နော် "
ပြုံးရွှင်ခုန်ပေါက်ပီး ထွက်သွားတာများ company ကြီးတောင် ယိုင်သွားသည်ထင်ရ၏။
မိတဆိုးသားလေးမို့ သားလေးပျော်ဖို့သာ အရေးကြီးဆုံးပါလေ။
ရှေ့က အတွင်းရေးမှူး လေးနာမည် မမေးလိုက်ရတဲ့ အဖြစ်ကို တွေးမိတော့ ခုနက ပြေးထွက်သွားတဲ့ သားဖြစ်သူကို အလိုက်မသိလေခြင်းဆိုပီး ခေါင်းပြေးခေါက်ချင်သည်။
အင်း...ငါးသား ဖေဖေ အသစ်ရတော့မယ့်အကြောင်း ပီးရင် ပြောပြမှပါလေ။
ခုတော့ အတွင်းရေးမှူး လေးဆီ အဟိဟိ..သွားလုပ်လိုက်ဦးမယ် ။
.
.
.
ချန်းယောလ် ခင်ဗျာ အပျော်ကြီး ပျော်ပီး ထွက်လာပေမဲ့ မိမိ ချစ်သူလေးကတော့ အပျိုကြီး ဖြစ်သူနဲ့ စကားလက်ဆုံ ကျကောင်းနေဆဲ ဖြစ်သည်။

YOU ARE READING
My Billionaire 😎
Fanficတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤