part28😇

6.5K 517 105
                                    

"ကျွန်တော်လက်ကို ခုလွှတ်လို့ပြောနေတယ်နော် "

"ကိုယ် ရှင်းပြတာကို အရင်နားထောင်ပါဦးလား အသဲရာ "

"ဘာမှ နားထောင် စရာမလိုဘူး မျက်စိနဲ့ တပ်အပ်မြင်ပြီးပြီ "

"မဟုတ်ဘူးလေ ကိုကို အရင် ရှင်းပြပါရစေဦး..အသဲရာ"

Platformပေါ်မှာ လက်ကို အတင်းဆွဲထားပြီး မသွားဖို့ပြောနေတဲ့ကောင်လေးရယ်...။
အတင်းရုန်းကန်နေတဲ့ ကောင်လေးရယ်... ။

လူတွေကြားထဲရောက်နေတာတောင် ချန်းယောလ် မှာ မရှက်နိုင်။ လက်က လွှတ်ထွက်သွားမှာကြောက်သလို ထပ်ပြီး သူ့ဆီက ပျောက်ကွယ်သွားမှာကြောက်သည်။
ဒီကောင်လေးကို ထပ်ပြီး လက်လွှတ်မခံနိုင်ပါ။

"ခင်ဗျား လွတ်ပေးလို့ပြောနေတယ်လေ "

"မလွှတ်ပေးဘူးကွာ...ကိုကိုပြောတာ အရင်နားထောင်ပါဦးဆို"

"လွှတ် "

ဆယ်ဟွန်းနောက်ဆုံး အာကုန်းသုံး ရုန်းကာ လွတ်ပြီးဆိုတာနှင့် ကားလမ်းဘက်ကို ပြေးထွက်လိုက်သည်။

အရှိန်ပြင်းစွာနှင့် မောင်းနှင်လာတဲ့ ကားရှေ့ကို ရောက်မှန်း မသိ ရောက်သွားတဲ့ဆယ်ဟွန်း။

ဘာလုပ်ရမှန်းမသိတော့ ပဲ ထူပူစွာ ထိုနေရာမှာပဲ ရပ်နေမိသည်။

မျက်စိကို စုံမှိတ်ပြီး မိမိ ဘဝ၏ အဆုံးသတ်က ဒီလိုပဲ ဆိုတာ လက်ခံရတော့မယ် အချိန်မှာ လက်တစ်ဖက်ကို စောင့်စွဲ ခြင်း ခံလိုက်ရသည်။

"ဝုန်း.."

နာကျင်မှု တစ်စုံတစ်ရာ မရှိတာကြောင့် မျက်လုံးတွေ ဖွင့်ကြည့်မိတော့ မိမိ ကိုယ်က ဘောစ့်ရဲ အပေါ်မှာရောက်နေသည်။

ကားက ဆယ်ဟွန်းတို့ကို ရှောင်လိုက်လို့ အနီးအနားက သစ်ပင်တွေနဲ့ တိုက်မိပြီး အသံတွေ ထွက်လာခြင်းဖြစ်သည်။

ဒါပေမဲ့ ကိုကိုကတော့ ဆယ်ဟွန်းကို ကားရှေ့က ဆွဲလိုက်တာမို့ အရှိန်မထိန်းနိုင်ပဲ ခေါင်းနဲ့ platform ရိုက်မိသွားခဲ့သည်။

"ကိုကို...ထပါဦး..အဟင့်"

လဲကျနေပြီး ခေါင်းက သွေးတွေ ထွက်နေတဲ့ ကိုကို ကို ဆွဲထူပြီး ထလာဖို့ တစ်ရစပ် အော်ပြောနေမိသည်။

My Billionaire 😎Where stories live. Discover now