"သခင်လေး...ဟို သခင်လေးရဲ့ ကောင်လေးလေ...မနက်ထဲက အိမ်ရှေ့မှာ ဒူးထောက်နေတာ"
"ဘယ်လို"
ပြတင်းပေါက် နားကနေ အပြင်ကို ချောင်းကြည့်လိုက်တော့ ပတ်ချန်းယောလ်ဆိုတဲ့အရူက ခြံရှေ့မှာ ဒူးထောက်နေသည်။
စိတ်ပူအောင် သိပ်လုပ်တဲ့ လူကြီးပဲ ခင်ဗျားက။
"နင်...ငါ့ကို အပြင်ထွက်ဖို့ ကူညီပေးနိုင်မလားဟင် "
"ကျွန်မ ကူညီ ချင်ပေမဲ့ သခင်ကြီးကိုကြောက်တယ် "
"မင်းအလုပ်ထုတ်ခံရရင် ဟိုရှေ့မှာရှိနေတဲ့သူကို မင်းအလုပ်ရဖို့ ငါကူပြောပေးနိုင်ပါတယ် "
"ဒါဆို ညကျ ပြန်လာခဲ့ပါမယ် သွားခွင့်ပြုပါဉ်ီး"
ဆယ်ဟွန်းလိုအပ်တဲ့ နိုင်ငံသား မှတ်ပုံတင် ကတ်ပဲ ယူထားပြီး ဘာမှ မဖြစ်သလို ပုံမှန်သာ နေလိုက်သည်။
ပါးပါးကတော့ စိတ်တိုနေမှာ အသေအချာပင်။
"ဒေါက်..ဒေါက် "
"မားမား ဝင်ခဲ့မယ်နော် သားလေး"
မားမားက ဆယ်ဟွန်းထိုင်နေတဲ့အနား ဝင်ထိုင်းရင်း...
"သား..ကောင်လေး အိမ်ရှေ့မှာ ဒူးထောက်နေတာ မနက်ထဲကပဲ"
"သားမြင်ပြီးပါပြီ "
"မင်းပါးပါးလဲ အရမ်း ဒေါသ ထွက်နေတယ် "
"သားထင်ပါတယ် "
"သူ့ သားကို အရမ်းချစ်တာပဲနော် "
"ဟင်း...ဟုတ်မှာပါ "
အဲ့တစ်ခုတော့ သားအပြည့်အဝ မယုံရဲသေးဘူးမားမား။
"သူနဲ့ဆို မားမားသားလေးကို စိတ်ချနိုင်မယ် ထင်တယ် "
"ဗျာ..."
"မင်းပါးပါးက ရှေးရိုးဆွဲပေမဲ့ မားမားကတော့ သားလေးပျော်ဖို့ပဲ ဦးစားပေးမှာပေါ့"
"အဟင့်..."
ကလေးတစ်ယောက်လို မားမား ရင်ခွင်ထဲ တိုးဝင်ပြီး ငိုလိုက်မိသည်။
"တောင်းပန်ပါတယ်မားမား ဟင့်"
"ကလေးလား ငိုနေတာ မငိုနဲ့ တိတ်နော် "
YOU ARE READING
My Billionaire 😎
Fanfictionတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤