"နင်အလုပ်ပြုတ်လာပီလား ဟမ်"
အိမ်ထဲဝင်ဝင်ခြင်း မားမားက ရင်ဝဆောင့်ကန်လိုက်သလိုပဲ...။
"မဖြစ်နိုင်တာ မားမားရာ"
"အဲ့တာဆို ဘာလို့အစောကြီး ပြန်လာတာလဲ"
"အလုပ်အစောကြီးပေးဆင်းလို့ပေါ့"
"သူဌေးတွေက သဘောကောင်းတာမဟုတ်ဘူး...
သူတို့တစ်ခုခုလိုချင်မှ သဘောကောင်းတာ
ပြော နင့်ကို အလုပ်ထုတ်လိုက်တာမလား
နင့်ပုံစံကို နင့်သူဌေး မကြိုက်လို့မလား"
အိမ်း အရမ်းကို အထင်းကြီးခံရတဲ့ အိုဆယ်ဟွန်းလေးပါလားနော်...
သူဌေးနဲ့ရည်းစားဖြစ်နေပါတယ်ပြောရင် ရှေးရိုးဆွဲတဲ့ မားမားတို့ မူးလဲမယ်ထင်...။
စိတ်လေတယ်....။
"မားမားကလဲ သားတကယ်အလုပ်မပြုတ်ဘူး ပင်ပန်းနေလို့ သွားနားပါရစေနော် "
မားမားကို ချန်ခဲ့ပီး အပေါ်ထပ်က အိပ်ခန်းလေးဆီကိုပဲ ပြေးတတ်သွားလိုက်သည်...။
အိပ်ယာပေါ်လှဲလိုက်ကာနှဖူးပေါ် လက်တင်ပီး ဘာတွေဘယ်လို ဖြစ်သွားလဲတွေးမိတော့ ဆယ်ဟွန်းလိုက်မမှီနိုင်ဖြစ်ရပြန်သည်။
ပထမ ရုံးတတ်ရက်မှာပဲ bossဖြစ်သူနဲ့ ရည်းစားဖြစ်သွားတယ်တဲ့လား?
အဓိပ္ပါယ်မရှိဘူးမလား... ဟမ်?
အိမ်းစိတ်ညစ်ပါတယ် တွေးမနေတော့ပါဘူးလေ...။ မကြာခင်ပြတ်မှာပဲကို.။
ကြိုပြောထားရမယ် ပြတ်သွားရင်တောင် အလုပ်မထုတ်ပဲ တစ်နေရာရာမှာ အလုပ်ဆက်ခန့်ထားပါလို့။
ဘောစ်ဖြစ်သူနဲ့တွဲနေပါတယ်ဆိုတာကိုလဲ ဘယ်သူမှ မသိအောင်ဖုံးနိုင်သမျှ ဖုံးကွယ်ထားရမယ်။
ညနေစာတောင် ဆင်းမစားနိုင်တော့တဲ့ထိ ပင်ပန်းလွန်းတာမို့ အိပ်စက်ခြင်းသို့သာ...။
အရမ်းတွေ အလုပ်ကြီးအကိုင်ကြီးလုပ်လိုက်ရတော့ ပင်ပန်းတာ ဖြစ်သင့်တယ်မလား ရောဘောယွန်းတို့...။
.....
"ဆယ်ဟွန်းသား ဧည့်သည်ရောက်နေတယ်
ထတော့လေ"
![](https://img.wattpad.com/cover/178043135-288-k850406.jpg)
YOU ARE READING
My Billionaire 😎
Fanfictionတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤