ပထမဆုံး ရုံးပိတ်ရက်မှာ အေးဆေး အနားယူပစ်မယ်ဆိုတဲ့ စိတ်ကူးဟာ ဘောစ်စိ လို့ မှတ်ထားတဲ့ contact name တစ်ခုကြောင့် ပျက်စီးသွားရသည်။
"အိမ်ကို လာခဲ့ ဒါ တွေ ဝယ်ခဲ့ပေး... "
သူ့ပို့ပေးတဲ့ လိပ်စာ အတိုင်း သူဝယ်ခိုင်းသမျှကို ဆွဲလို့ Taxi ခ ဈေးကြီးကြီးပေးကာ သူ့အိမ်ကို သွားခဲ့ရသည်။
ပိတ်ရက်မှာ မျက်နာကြီးကို မမြင်ရ အသံကြီးကိုမကြားရတော့မှာမို့ စိတ်ချမ်းသာနေတာတောင် တစ်ဝက်မပြည့်သေး။
ခုတော့ သူ့အိမ်ကို လာခဲ့ပါတဲ့လား။
တကယ်ကို ကျက်သရေ တုံးတယ်။ မေတ္တာ အထက်လိုက် ပို့မယ်။
စိတ်တိုတိုနဲ့ အိမ်ရှေ့ရောက်တာနဲ့ bellကို ဇွတ်နှိတ်ပြစ်လိုက်သည်။
"......"
"လာပါပီကွာ ဘာလို့ အဲ့လောက် ဇွတ် တီးနေတာလဲ "
"ဒီမှာ လက်ထဲမှာ ကိုင်ထားရတာတွေကို မြင်လား?လက်အံ သေတော့မယ် ဗျ "
"Sorryပါကွာ ကိုယ် လဲ အမြန်လာတာပဲလေ "
"တော်တော် ဒီရှေ့မှာပဲ စကားရပ်ပြောနေတာနဲ့ ကျုပ် လက်ပြုတ်တော့မယ် "
"လာ အထဲဝင် "
ဆယ်ဟွန်း စဉ်းစားလိုက်မိတာက ရည်းစား ဖြစ်ရင် ခိုင်းစားလို့ရတယ် ဆိုတာကို..
"ရော့ ဒီအထုတ်တွေ သယ်ခဲ့
ခင်ဗျားက ကျုပ်ရည်းစားဆိုတော့ ကျုပ်ပင်ပန်းနေတာကို မြင်ချင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား "
စကားတတ်လွန်းတဲ့ ကောင်လေးကို အူးယားမိတာတော့ အမှန်။ လက်ထဲက အထုတ်တွေကို ချန်းယောလ် ပြောင်းယူလိုက်ကာ.."ဟုတ်တာပေါ့ ကိုကို အသဲလေး ပင်ပန်းတာ ကိုကိုက ဘယ်ကြည့်ရက်မှာလဲ နော့ "
ဟု ပြောရင်း အိမ်ထဲကို ကော့တော့ ကောတော့နဲ့ ဝင်သွားသည့် ဘောစ်နောက် ဆယ်ဟွန်းလိုက်ခဲ့လိုက်သည်။
အတွေးထဲမှာလဲ ကိုကိုနဲ့ အသဲလေး ထပ်ကာ ပြောသွားတဲ့ ဘောစ်ဖြစ်သူကို လက်လန်နေမိသည်။
သြော်.... ခိုင်းမိတာပဲ မှားပါတယ်။
....
အခုမှပဲ သတိထားမိတဲ့ အိမ်ကြီး အကျယ်နဲ့ အတွင်းပိုင်း အပြင်အဆင်ကို လွတ်လွတ်လပ်လပ် နဲ့ ငမ်း အဲ့လေ ကြည့်နေတဲ့ ဆယ်ဟွန်းရဲ့ ပုခုံးကို ဖိကိုင်ကာ အနောက်နေတွန်း၍ မီးဖိုခန်းထဲ သွားစေသည်။

YOU ARE READING
My Billionaire 😎
Fanfictionတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤