ဆယ်ဟွန်း ဒီနေ့ ရုံးစတတ်မှာမို့ ရင်တွေက အတိုင်းအစမရှိ ခုန်နေမိသည်..။
အတွင်းရေးမှူး ရာထူးနဲ့ စလုပ်ရမှာမို့ အတော်လဲပျော်မိသည်..။
မနေ့ညထဲက အစောကြီး အိပ်ပျော်အောင်အိပ်ထားတာမို့ မျက်နာလေးက တင်းတင်းလေးနှင့် ချစ်ဖို့ကောင်းနေမှာ အသေအချာ...။
ပုံမှန်ဆို မားမား လာနှိုးမှ ထလေ့ရှိသော်လည်း ဒီနေ့တွင် မားမားလာနှိုးစရာမလိုပဲ အစောကြီးနိုးနေခြင်းပင်...။
မနက်စာ စားဖို့ အောက်ဆင်းလာတဲ့ ဆယ်ဟွန်းကို တွေ့တော့..
"အမလေး မိုးတွေရွာပီး နွေရာသီးကြီး နှင်းတွေကျလာ နိုင်တယ် ဖေကြီးရေ...
ရှင့်သား အစောကြီးနိုးနေတယ်တော့.."
"ဟာ မားမားကလဲ
မားမားကလေ ကိုယ့်သားကို နှိမ်ဖို့ပဲသိ"
"အစောကြီး နိုးနေတာကို ကိုယ်တော်လေးက... "
"သား ဒီနေ့ အလုပ်သွားရမယ်လေ...
ပထမဆုံး ရုံးတတ် ရက်ကို နောက်ကျ စရာလား..""ဟုတ်ပါပီရှင် ဖေကြီးရေ ကားသော့ ပေးလိုက်ပါဦး.."
အူးဝါ...ဆယ်ဟွန်းလေး အလုပ်စဝင်တာနဲ့ ကားပေးပြီတဲ့...
ချစ်လိုက်တာ ပါးပါးနဲ့မားမားကို...
"ပါးပါးနဲ့ မားမား...ချစ်တယ်လို့."
ပါးပါးနဲ့ မားမားဆီပြေးပီး နှစ်ယောက်လုံးကို အနမ်းပေးလိုက်သည်။
"ချွဲမနေနဲ့ သွား အလုပ် နောက်ကျမယ် "
"ဟုတ်"
ဆယ်ဟွန်း ကားအသစ်လေးကို မောင်းကာ company သို့ မောင်းထွက်လာခဲ့သည်..။
သူ ဒီနေ့ အရမ်းသန့်ပြန့်နေတာမို့ ကားထဲကနေ sefileပုံလေး တစ်ပုံနှစ်ပုံ ရိုက်ထားလိုက်သည်..။
Company ရဲ့ရှေ့မှာမို့လဲ သိပ်မရှက်နိုင်သေးပဲ ကားကြီးနဲ့ sefile ဆွဲလိုက်ရသည်..။
ဓာတ်ပုံလေးကို ပြန်ကြည့်လိုက်ပီး
"အတော်ချောတဲ့ငါပါလား"ဆိုပီး မေးစေ့ လေးကိုလဲ လက်နဲ့တစ်ချက်နှစ်ချက်လောက် ပွတ်သပ်လိုက်သည်...။
YOU ARE READING
My Billionaire 😎
Fanfictionတလွဲ စက္ကထရီနဲ့ 👨💼👨💼 ဟိုမို ဘောစ့်👨⚖️👨⚖️👨⚖️ သူတို့ရဲ့ တစ်လွဲ အချစ်ဇာတ်လမ်းလေး❤