part24😇

6K 488 39
                                    

"ဦး ခုတစ်လော မျက်နာလဲ မကောင်းဘူး...
ဘာဖြစ်နေတာလဲဟင်...ကလေး က ဘာကူညီပေးရမလဲ "

"ဥိီးရဲ့သားလေ....
သူ့ကောင်လေးရဲ့ မိသားစုက သူ့နဲ့သဘောမတူဘူးဆိုလို့ စိတ်ဓာတ်ကျပြီး မစားနိုင် မသောက်နိုင် ဖြစ်နေလို့ ဦးက စိတ်မကောင်းဖြစ်နေတာ"

"ဟုတ်လား.."

"အင်း....သူ ပထမဆုံး လူတစ်ယောက် ကို စွဲစွဲလန်းလန်း ချစ်မိသွားတယ် ထင်တယ်...
ဒါပေမဲ့ အခုလိုဖြစ်နေတော့ ဟင်း..."

"အင်း...သနားပါတယ်နော် ဦး"

"ဦးကလေးလေးက စိတ်ကောင်းရှိလိုက်တာ "

"အဟီး..."

ဦး ပုခုံးကို မှီတွယ်ထားရင်း အကြောင်းတစ်ခုကို စဉ်းစားမိတော့...

"ဦး..ဦး"

"ဟင်...ကလေးကလဲ အလန့်တကြားနဲ့"

ဦးသနားပါတယ်။ ဂျုံအင်က အလန့်တကြားအော်လိုက်တော့ ဂျူံအင်ဆံပင်တွေကို ဖွဖွလေး ပွတ်ပေးနေတဲ့ ဦးလန့်သွားမှာပေါ့။

"ဝက်ဝံ လေး တစ်ခု စဉ်းစားမိလို့ "

"ပြောလေ ဝက်ဝံလေးရဲ့"

"ဦးနဲ့ ဝက်ဝံလေးနဲ့ လက်ထပ်ဖြစ်သွားရင် ဦးသား ပတ်ချန်းယောလ် က ဝက်ဝံလေးရဲ့ သားဖြစ်သွားမှာပေါ့နော် "

"အင်းပေါ့ "

"အဲ့ကျရင် ဝက်ဝံလေးကို ဘယ်လိုခေါ်မှာလဲမသိဘူးနော် "

"Appa လို့ခေါ်ရမှာပေါ့ ဝက်ဝံလေးရဲ့ "

ဦးရဲ့ လက်တွေက ဂျုံအင်ပါးပေါ်ရောက်လာပြီး ဖွဖွလေး ဆွဲလိမ်တော့၏။

ဦးယောင်္ကျား ဖြစ်တဲ့အခါကျ ဦးအားကိုးနဲ့ အလုပ်တွေ ဖိခိုင်းခဲ့တဲ့ ပတ်ချန်းယောလ်ကို အနိုင်ပြန်ကျင့်ပြမည်။ လက်စားချေရမည်။

ပတ်ချန်းယောလ် မင်းရည်းစားနဲ့ ပလူးနေတဲ့ အချိန် ငါအလုပ်တွေ မဟားတရားလုပ်နေရတဲ့ ခေတ် ကုန်တော့မယ်။
မင်းအလှည့်မကြာခင်ရောက်တော့မယ် ကွ...။ ဟား..ဟား။

ဦးဗလ အားကိုးနဲ့ ဂျုံအင်းတို့ ခေါင်းမော့နိုင်ပြ်ီ။

ဦးကို ရည်းစားတော်ထားရတာ ကောင်းလိုက်တာ။

My Billionaire 😎Where stories live. Discover now