3

1.9K 170 11
                                    


သူနိုးလာတော့ ညနေစောင်းနေပြီ
မျက်နှာသစ်ချင်လို့လျှောက်ကြည့်မိတော့
အိပ်ခန်းထဲမှာရေချိုးခန်းကမပါ။
ဒီတော့အပြင်ထွက်ကြည့်လိုက်တော့
သူနေတဲ့ အဆောက်အဦးဘေးမှာ ရေချိုးဆောင်ဆိုပြီးစာကပ်ထားတာတွေ့တယ်
ဝင်မလို့ကြည့်လိုက်တော့ အထဲမှာရေချိုးနေကြတဲ့
မိန်းကလေးတွေအများကြီးပဲ
တစ်သက်နှင့်တစ်ကိုယ် မိန်းကလေးတွေ
ရေချိုးတာ သူမမြင်ဖူးဘူးလေ
သူဆိုတာ ကျွန်းပေါ်မှာ နေခဲ့တာဆိုတော့
သီးသန့်လိုဖြစ်နေတာ လူအများကြားထဲတောင်
သိပ်သွားဖူးတာမဟုတ်တော့ တစ်မျိုးကြီးဖြစ်နေတာနေမှာပါ

နောက်မှစဉ်းစားမိတာ ဒီချိန်အလုပ်ဆင်းချိန်ဆိုတာကို
သူအိပ်ပျော်နေလို့ ဘေးအခန်းတွေကလှုပ်ရှားမှုတွေ
ကိုသတိမထားမိတာနေမှာ မိန်းကလေး တွေပဲ
ကြောက်စရာမှမဟုတ်တာကြီးကို။
(ဘယ်သူ့မြည်းရမလဲစဉ်းစားနေတုန်းအတွေးထဲ
Jennie ပေါ်လာတာနေမှာပါ ဒါပေမယ့် ဒီမှာက
Jisoo နဲ့ဆိုတော့ မူးကောင်အခက်တွေ့နေတာ)

သူပြန်ထွက်လာခဲ့တယ် သူဝင်ရဲမှာမဟုတ်ဘူး
သူနဲ့လည်းသိကြတာမဟုတ်
ခုမှရောက်ဖူးတဲ့သူ့ကို ဝိုင်းကြည့်ကြမှာထင်တယ်

!! တော်ပြီ နောက်မှပဲ!!

သူ့အခန်းရှေ့ရောက်တော့ ရပ်နေတဲ့ သူမကိုတွေ့လိုက်ရတယ်
သူ့ကို တွေ့တော့ သူမက
"ဟမ် ဘယ်သွားတာလဲ Lisa အိပ်နေတယ်ထင်တာ"

"မျက်နှာသစ်မလို့ Soo ဒါပေမယ့်လေ"

"လူတွေအများကြီးဖြစ်နေလို့လား ဒီအချိန်အလုပ်ဆင်းချိန်မို့ပါ ညစာစားဖို့လာခေါ်တာ
အိမ်ပေါ်ရောက်မှသစ် ရေချိုးချင်ချိုးတော့ လာ"

" inn အဝတ်တွေယူလိုက်ဦးမယ်နော် "

သူအဝတ်တွေယူပြီးသူမနောက်လိုက်ခဲ့လိုက်တယ်
တစ်ခါတည်းအပေါ်ထပ်ကို ခေါ်သွားကာ

"ဒါ Soo သုံးတဲ့ရေချိုးခန်းပဲ အောက်ထပ်မှာက
Appa တို့ရောက်တော့မှာမလို့ "

"ကျေးဇူး Soo ဒါဆို "

"အင်း အောက်ထပ်ကစောင့်နေမယ်
ထမင်းစားပြီး စကားနည်းနည်းပြောကြမယ်"

Remember I Love You Where stories live. Discover now