လောကကြီးကိုကျေးဇူးတင်လိုက်တာ ဒီမိန်းကလေး
ရှိတဲ့နေရာနေကို ပို့ပေးခဲ့လို့....သူမကတော့ သူ့ရဲ့ရင်ခွင်ထဲမှာပင်
"အောက်ဆင်းရအောင်လေ Lisa Appa တို့စောင့်နေလောက်ရောပေါ့"သူ့ရင်ခွင်ထဲကနေ ခပ်တိုးတိုးပြောလာတဲ့ Soo ကို
သူငုံ့ကြည့်တယ် နောက် ပါးလေးကိုခပ်ဖွဖွကိုင်ကာ"မျက်နှာအရင်သစ်ရမှာပေါ့ Soo ရဲ့ ရေချိုးခန်းထဲ
ပို့ပေးရမလား ခြေထောက်ကအဆင်ပြေလား"သူမ ခြေထောက်အရမ်းနာနေတာမျိုးတော့မဟုတ်
သက်သာနေပြီလို့ပြောရမယ်"ဟင့်အင်း နာနေသေးတယ် တွဲပြီးပို့ပေးပါလားဟင် "
မျက်နှာအမူအရာကစ အသံအနေအထားထိကို
ကလေးဆန်လိုက်သည်ဖြစ်ခြင်း။သူမရဲ့ရည်းစားဦးလေးကို ဘယ်လိုတောင်လုပ်ပြနေတာ။
သူမကို ကြည့်ကာ သူရယ်တယ်"Soo ဘယ်လိုတောင်လုပ်ပြနေတာလဲ အသည်းယား လာပြီး တစ်ညလုံးဖက်ထားချင်လာပြီနော်"
"Lisa ကလည်း"
"အင်းပါ ချီသွားပေးမယ်ရလား"
သူမအဖြေကိုစောင့်မနေဘဲ ပွေ့ချီကာ ရေချိုးခန်းထဲ
ခေါ်သွားပေးလိုက်တယ်"ကဲ ရောက်ပါပြီ "
" omm ကျေးဇူး "
သူမရဲ့ မျက်နှာကို သူခုမှသေချာကြည့်မိတာ
ညဘက်နဖူးလေးနားမှာ ခြစ်ရာလေးတစ်ခုက ထင်းလို့
ခုနက ဆံပင်နဲ့အုပ်နေလို့မမြင်ရတာနေမှာပါ"Soo ဒီ ဒဏ်ရာကဘာဖြစ်တာလဲ "
သူမေးတော့မှပဲ မှန်ထဲပြန်ကြည့်နေတဲ့သူမ
"Aww ခုနက Lisa ကိုလိုက်ရှာရင်းဖြစ်တာနေမှာ"
"ရေထိရင် စပ်မှာ သွေးလေးတွေစို့လို့"
"ရပါတယ် သိပ်လည်းကြီးတာမှမဟုတ်တာကို"
သူမ အရေးမကြီးသလိုပြောရင်းမျက်နှာသစ်ဖို့ပြင်သည်
သူက သူမမျက်နှာကိုဆွဲလှည့်လိုက်ပြီး"ကိုယ်လုပ်ပေးမယ် ဒီတိုင်းလေးနေ"
သူ မျက်နှာသုတ်ပုဝါအသစ်တစ်ထည်ယူပြီး
ရေဆွတ်ကာ ရေစိုအဝတ်ဖြင့် သူမမျက်နှာလေးကို
ဖြည်းဖြည်းချင်း သုတ်ပေးနေသည်
နဖူးစပ်နားရောက်တော့ ပုဝါကို သူမလက်ထဲထည့်
ပေးလိုက်ပြီး မျက်နှာလေးကို ကိုင်ကာ
သွေးစအနည်းငယ်ထွက်နေတဲ့ ဒဏ်ရာလေးကို
ခပ်ဖွဖွစုပ်ယူလိုက်သည်။

YOU ARE READING
Remember I Love You
Fanfictionအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo