4

1.8K 167 11
                                    


တစ်ကယ်တော့ အပြင်ကစကားပြောသံတွေကို
သူကြားနေရတယ် သူ့အကြောင်းပြောနေကြမှန်း
သိတယ် ခဏကြာတော့ ရေချိုးခန်းဘက်ကို
လာတဲ့ခြေသံကိုကြားလိုက်တယ်
အပြင်အမြန်ထွက်ဖို့လုပ်ကာ တံခါးကိုဆွဲဖွင့်လိုက်တာ
တံခါးပွင့်သွာရုံမက လူတစ်ယောက်အရှိန်နဲ့
အခန်းထဲရောက်တယ်

ဒါကဒ်ီလိုရှိမှာပါ အပြင်ကတွန်းဝင်ရတဲ့တံခါးမလို့
တွန်းဝင်တာနေမှာ သူကဆွဲပစ်လိုက်တော့
သူနဲ့ကွက်တိတိုက်မိတာကနေ ပြီးမသွား
နောက်ပြဿနာက ရေစိုနေတဲ့ကြမ်းပြင်နဲ့
သူစီးထားတဲ့ဖိနပ်ကြားထဲကို သူ ခုနက
မျက်နှာသစ်ရင်းပြုတ်ကျနေတဲ့ ဆပ်ပြာက
ရောက်လာခြင်းပင် အမှန်သူနင်းမိတာပါ
ဆပ်ပြာကသူဘာသာနေတာပါ

အပြင်ကဝင်လာတဲ့အရှိန်နဲ့ သူခြေချော်တာ
မထိန်းနိုင်ပဲ ရေချိုးခန်းကြမ်းပြင်ပေါ်
လဲကျသွားတာမှာ သူမပါ သူကိုယ်ပေါ်က
အဆစ်ပါလာတာက သူလှမ်းဆွဲလိုက်တာကြောင့်ပါ

သူမရဲ့ အလန့်တကြား အော်သံနဲ့အတူ
သူကတော့ မျက်လုံးစုံမှိတ်ပြီး သူမကို
တင်းကျပ်စွာသာ ဖက်ထားလိုက်မိတော့တယ်

အမှန်က သူကအောက်မှာပါ
နာရင်တောင်သူနာမှာကို
သူမ ထိသွားမှာစိုးရိမ်လွန်းနေတာပါ

ခဏကြာတဲ့အထိ ဒီပုံစံကမပြောင်းလဲဘူး
Chaeyoung ရောက်လာတော့မှ
ထဖို့သတိရမိတော့တယ်

"ဟယ် နင်တို့နှစ်ယောက် "

"ဘာမှမဟုတ်ဘူး Chae ခြေချော်သွားတာ
Lisa ထ နာသွားလား ဘယ်နားထိသွားသေးလဲ
အောက်က ကြမ်းပြင်ကြီးနဲ့ဆိုတော့လေ"

သူလည်းထထိုင်းလိုက်ရင်း ကျောတော့နာသွားတယ်

"အ ဘာမှမဖြစ်ဘူး ရတယ် Soo ရော ထိသွားသေးလား ကျွန်မကြောင့်ပါ ချော်သွားတာ"

တစ်ယောက်ကိုတစ်ယောက် စိုးရိမ်လွန်းနေကြတာ
မေးနေကြတာအပြန်အလှန်

"ထကြတော့ဟဲ့ ကြည့်ရသလောက် နင်တို့နှစ်ယောက်လုံး အပြင်ဘက်ဘာမှမဖြစ်
နောက်မှဘယ်နေရာထိသွားလဲ ပြန်တွေးကြ
မပြောချင်တော့ဘူး ဟိုတစ်ယောက်
မြန်မြန်အဝတ်လဲပြီးလာခဲ့ နောက်ကျရင်
ဘာမှမစားရဘူးမှတ် Ji ကပြန်တော့
မစားနဲ့ ကိုယ့်အိမ်ကိုပြန်စား"

Remember I Love You Where stories live. Discover now