ညနေစာ စားပြီးနောက် အပေါ်ထပ်က သူမအခန်းရှေ့
(Loggia)လေသာဆောင်ဘက်ထွက်ခဲ့ကြသည်။
(အရှေ့ပိုင်းမှာရေးခဲ့တာ ဝရန်တာဆိုပြီးတော့
တစ်ကယ်တော့ လေသာဆောင်လို့ရေးချင်တာပါ
ဆိုဖာတွေလည်းရှိတယ် စားပွဲလည်းရှိတယ် ပတ်ပတ်လည်မှာ ပန်းအိုးသေးသေးလေးတွေလည်း
အများကြီးထားထားတာဆိုတော့ ဥယျာဉ်အသေးစား
လေးပေါ့ဗျာ)နှစ်ယောက်အတူဆိုဖာပေါ်ထိုင်နေကြသည်။ဘာစကားမှမပြောဖြစ်ကြ။ပကတိတိတ်ဆိတ်လို့နေသည်။
အရင်ကဆိုဒီအချိန်လေပြေလေညှင်းတွေပေမယ့်
ခုချိန်မှာလေတွေတောင်အေးစက်လို့နေသည်။တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေပေမယ့်
မှောင်ရိပ်သန်းနေတာကြောင့် သေချာမမြင်ရ။
သူ သူမနားတိုးသွားကာ ဖက်ထားလိုက်သည်။
အေးစက်နေတဲ့သူမခန္ဓာကိုယ်အတွက် သူ့ကိုယ်ငွေ့
လိုအပ်သည်ထင်။ပြန်၍တင်းကျပ်စွာဖက်ထားသည်။"ချစ်တယ် Soo"
"Soo ရော ချစ်တယ် မောင်"
အခုန်မြန်နေတဲ့ ရင်ခုန်သံတွေကြောင့်နှလုံးသားတွေက
မအေးစက်သေးကြောင်း။"Soo unnie chae တို့ဟိုမှာပျော်နေလောက်ပြီနော်
သူတို့ကအတူရှိနေကြပြီလေ ""omm "
Chaeyoung တို့အတူတူ အမေရိကဘက်သွားနေကြ
သည်။Jennie ကအလုပ်ကိုအဲ့ဒီဘက်ကိုပြောင်းကာ Chaeyoungကိုပါခေါ်သွားခဲ့သည်။ခြံအလုပ်တွေကို သူမ ဦးလေးကကူညီပေးနေသည်။"ဒီခြံလေးကိုSoo သဘောကျလား "
"omm အရမ်းသဘောကျတယ် မောင်"
"ဟုတ်ပါပြီ Soo ညနေကပြောချင်တာကို မောင်နားလည်တယ်နော် မောင်က အရမ်းကလေး
ဆန်သလိုဖြစ်သွားတယ် တောင်းပန်တယ် Soo""ရပါတယ် Soo လည်းတောင်းပန်ပါတယ် မောင့်ကို
အော်မိသွားတဲ့အတွက်ကိုလေ"အပြန်အလှန်တောင်းပန်ရင်းနားလည်မှုယူကြသည်။
ဝေးရမှာကြောက်လို့ဆိုပြီးအတင်းကပ်တွယ်နေတာက
နည်းလမ်းမှမဟုတ်တာ။သူနားလည်သည်။သူပြင်ဆင်ရ
မှာတွေရှိသည်လေ။"Soo တစ်ချို့စကားတွေကိုပြောင်းလဲလို့ရလား"
"စကားရဲ့အနေအထားပေါ်မူတည်တယ် မောင်"
YOU ARE READING
Remember I Love You
Fanfictionအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo