တစ်ချို့သောအတူရှိချိန်တွေဟာ အရမ်းတန်းဖိုးရှိသည်။
အချိန်ကြာလာတဲ့အမျှ သံယောဇဉ်ကြိုးရဲ့ချည်နှောင်မှု
ကပိုမိုခိုင်မာလာတယ်ဆိုရင် သူဟာသူကို
တစ်လအတွင်းမှာ သေမတက်ချစ်ခဲ့မှာပါ။သူလိုအပ်တဲ့နွေးထွေးကြင်နာမှုတွေ ဂရုစိုက်မှုတွေကို
သူမမိသားစုဆီကနေအပြည့်အဝရရှိခဲ့သည်။စိတ်ပျက်စရာလို့သတ်မှတ်ထားတဲ့သူ့ဘဝဟာ
ခုဆိုရင်သူမကြောင့်ပျော်ရွှင်စရာကောင်းလာတယ်
သူပျော်ရွှင်လာတယ်။ဘဝဆိုတာရှင်သန်နေထိုင်ရင်း ပျော်ရွှင်မှုကိုကိုယ်တိုင်
ရှာဖွေရတယ်ဆိုတာကို သူမကိုကြည့်ရင်း
သူသိခဲ့ရသည်။အမြဲစနောက်တယ် စိတ်ကနွေးထွေးတယ် ကြင်နာတတ်တယ် အသေးစိတ်ကအစဂရုစိုက်ပေး
တယ် ပြီးတော့ သူမက သူ့ကို အရမ်းချစ်တယ်။သူသိတယ် တစ်ချိန်ချိန်မှာ အတားအဆီးတစ်စုံတစ်ရာ
ရှိလာနိုင်သည်ဆိုတာကို။သူမနဲ့အတူကျော်ဖြတ်ရမယ်
ဆိုတာ။သူမလက်ကိုဆုပ်ကိုင်ထားပြီးရင်ဆိုင်ရမည်ဆိုတာ။သူမဟာ သူ့ကို ဒီတိုင်းချစ်ခဲ့တာပါ သူ့ဘဝအခြေအနေ
အားလုံးကိုမမေးဘဲနဲ့ သူ့ရဲ့သဘောကျတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ သူမရဲ့ရည်းစားဦးအဖြစ်
သူမရဲ့ မောင်အဖြစ် သတ်မှတ်ခဲ့သည်။တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားချိန်
တွေမှာ သူဘာအရာကိုမှမတွေးချင်ပါ။"မောင် "
ခပ်တိုးတိုးသူမရဲ့ခေါ်သံကြားတော့သူသတိဝင်လာတယ်
"ဟင် Soo "
"ဘာတွေတွေးနေတာလဲ "
"ဘာမှမဟုတ်ပါဘူး"
သူမက သူ့ကိုစပျစ်ပင်တွေစိုက်ရာနေရာကိုခေါ်လာခြင်း
ဖြစ်သည်။သူမရှင်းပြပြောပြနေတာကို သူမကြားဘဲ
အတွေးလွန်နေခြင်းဖြစ်သည်။နေရာလေးကတော့ လေအေးတွေတိုက်ပြီးအေးနေတာပါပဲ
သူမကို နောက်ကသိုင်းဖက်လိုက်မိသည်"မောင် ဘာဖြစ်လို့လဲ ခြံအလုပ်သမားတွေလည်းရှိတာကို"
"ချစ်တယ် Soo"

YOU ARE READING
Remember I Love You
Fanfictionအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo