ညနေအလင်းရောင်ပျောက်ချိန်လောက်မှာ သူမပြန်လာ
ခဲ့သည်။အိမ်ပေါ်ရောက်ရောက်ချင်း သူမကိုပြေးဖက်
လာတဲ့သူ့ကို အလိုက်သင့်ပြန်ဖက်ရင်း။"Soo ဘယ်တွေသွားနေတာလဲ နေ့လည်တည်းက"
"အွန်း အလုပ်ကိစ္စပါ ရေချိုးပြီးပြီလား မောင်"
"အွန်း Soo"
ဖက်ထားရာမှာသူ့ကို လွှတ်လိုက်ကာ
"ဒါဆို ညနေစာ စားရမှာပေါ့ ခဏစောင့်နော် Soo
ရေချိုးလိုက်ဦးမယ်"ပြောပြီးတာနဲ့ချက်ချင်းအပေါ်ထပ်ကိုတက်သွားတဲ့
သူမကိုကြည့်ရင်း သူစိတ်တွေကမသက်မသာ။
သူမ တစ်ခုခုထူးဆန်းနေသည်။
သူ နောက်ကလိုက်သွားသည်။အခန်းထဲရောက်တော့ ရေချိုးခန်းထဲဝင်ဖို့ပြင်နေတဲ့
သူမကို သူ လှမ်းဆွဲပြီး မျက်နှာချင်းဆိုင်လိုက်သည်။
သူမမျက်လုံးတွေကအနည်းငယ် နီရဲနေသည်။"Soo ငိုထားတာလား "
"ဟင့်အင်း "
ညာပြောမှန်းသူသိသည်။သူမမျက်နှာလေးကို သူ့ရင်ခွင်
ထဲထည့်လိုက်တယ်"ခုမပြောချင်လည်းရတယ် Soo ရေချိုးရင်းတော့မငိုပါနဲ့
ဒ်ီတိုင်းမြန်မြန်ချိုးနော်"သူမ ခေါင်းအသာညိမ့်ပြတယ်။သူမဘယ်လောက်ပဲ
ထိန်းနေပါစေ သူ့ရင်ခွင်ထဲရောက်တော့ ပိုငိုချင်လာတယ်။ဒါပေမယ့်လည်း သူမ မငိုဖြစ်။
သူ့လည်တိုင်နားလေးကို ခပ်ဖွဖွနမ်းပြီး ရေချိုးခန်းထဲ
ဝင်သွားသည်။"တစ်ခုခုဖြစ်လာတာ သေချာတယ် "
ညနေစာစားချိန်မှာလည်းတိတ်ဆိတ်စွာ။
Appa နဲ့ Omma ကို စကားပြောတယ်ဆိုရုံလောက်
တင်။အရင်လို စနောက်ခြင်းမျိုးလည်းမရှိဘူး။
သူမစားတာကို ရပ်တန့်ပြီးနောက် ထရပ်လိုက်သည်။
ပန်းကန်ထဲမှာကျန်နေသေးသည်။"Soo မစားတော့ဘူးလား"
"omm ဝပြီ Appa Omma ကောင်းသောညပါနော်"
ပြီးတော့ သူ့ကိုဆက်ပြောတယ်
"မောင် စားပြီးရင် စကားခဏပြောရအောင်နော်
လသာဆောင်ဘက်လာခဲ့ "
YOU ARE READING
Remember I Love You
Fanfictionအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo