2

2.6K 168 18
                                    


သူ သူ့ရဲ့အဘိုးနဲ့ ဆွေးနွေးပြီး 6 ရက်အကြာမှာ
ဘန်ကောက်ကိုရောက်ခဲ့သည်
ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့တော်
သူ မအံသြခြင်းမျိုးမရှိပါ နေ့တိုင်းသတင်းတွေများတွေ့ရသည်
ရုပ်သံအစီအစဉ်တွေမှာတွေ့ရသည်
သူနေထိုင်ရာ ကျွန်းကနေ ဘန်ကောက်မြို့ဆိုတဲ့
နေရာက လေကို သူ တစ်ရက်တာ ရှူခွင့်ရပြီ။
ဒါဆိုရပြီ။

သူ့အဘိုးရဲ့ အိမ်တော်မှာ တစ်ညနားရသည်
အားလုံးကသူ့ကို အတိုင်းထက်အလွန်ပါပဲ
ချစ်ခင်ကြတယ် အစ်ကိုတွေ ဦးလေး အဒေါ်
အားလုံးပါပဲ သူ့ကိုချစ်ကြသည်။
သူမြင်တွေ့ရသလောက် မုန်းတဲ့အရိပ်အယောင်
မတွေ့ရပါ ဒါဆို ဘာကြောင့် အတူတူမနေရတာလဲ?

သူတစ်ဆက်တည်းတွေးမိလိုက်တာ
ဒေါသအလျောက်စကားတစ်ခွန်းက
မိသားစုတွေရဲ့နွေးထွေးတဲ့ အရာကို
ဖျတ်ဆီးပစ်တာ ပျက်စီးစေတာ ဆိုတာပါပဲ

လွန်ခဲ့တဲ့နှစ်တွေက သူမမွေးခင်က
သူ့အဘိုးရဲ့စကားတစ်ခွန်းဟာ
သူ့အဘိုး ကိုယ်တိုင်တောင်ပြန်မပြင်နိုင်ဘူး
ဒါဟာ တော်ဝင်မျိုးနွယ်ဖြစ်နေလို့ ဖြစ်မယ်

စကားလုံးတိုင်းကအမိန့်
အမိန့်တိုင်းကနာခံဖို့

ကတိတစ်ခုကိုဖောက်ဖျတ်မိတော့
သားကြီးကိုတောင် အဝေးပို့ပစ်တဲ့
သူ့အဘိုးရဲ့ သစ္စာရှိမှုကိုတော့ သူ လေးစားပါရဲ့

ဒါကြောင့် သူကတိတောင်းဖြစ်ခဲ့တာ
ဒီတစ်သက် သူလက်မထပ်ဘူးဆိုရင်တောင်
သူ့အဘိုးမှာ အတင်းအကျပ် လုပ်ပိုင်ခွင့်မရှိတော့ဘူး

ဒါဟာ သူ့အဘိုးရဲ့ကတိကို
သူလိမ္မာပါးနပ်စွာ အသုံးချလိုက်တာပါ။

သူ့ ကြင်ယာကို သူကိုယ်တိုင်ရှာရမှာပေါ့
မဟုတ်ဘူးလား သူတို့ပေးစားမှရမယ့်ခေတ်က
ကုန်သွားပြီ။

ပြီးတော့ တစ်ခြားနိုင်ငံတွေသွားပြီး ပိုက်ဆံအကုန်ခံပြီး
ကျောင်းတက်ရမှာကို သူမလိုလားဘူး။
သူ့အတွက် ကြီးမားတဲ့ရည်မှန်းချက်ဆိုတာလဲ
မရှိဘူးဆိုတော့ နေထိုင်မှုအနည်းငယ်တူညီတဲ့
ကိုရီးယားနိုင်ငံ ကိုပဲသူရွေးဖြစ်ခဲ့တယ်။

အေးဆေးတဲ့ဒေသလေးမှာ 4 နှစ် လောက်နေကြည့်ချင်သည်
သူအတွက် မတူညီတဲ့ ခံစားမှုမျိုးရနိုင်သည်ပေါ့။

Remember I Love You Where stories live. Discover now