5

2K 179 10
                                        


နေ့လည်ဆိုပေမယ့် ခြံထဲကဖြတ်တိုက်လာတဲ့
လေအေးအေးတွေကြောင့် အပင်အောက်မှာ
အရမ်းအေးတာပဲ လှဲတောင်အိပ်လိုက်ချင်သေးတယ်။

အတော်ကြာထိုင်ပြီးချိန်မှာ သူမအရင်ထလိုက်တယ်

"Lisa ထ သွားရအောင် ထမင်းဆိုတာ အချိန်နဲ့စားရတာအချိန်မမှန်ရင် ရောဂါတို့ အစာမကြေတာတို့ဖြစ်တတ်တယ် သိလား"

"ဟုတ် သွားတာပေါ့ Soo"

အတူတူ သူမအိမ်ဆီလျှောက်လာခဲ့လိုက်တယ်
အိမ်ပေါ်ရောက်တော့ သူမ Appa ရော Omma ရောရှိနေကြတယ်
သူမကို စောင့်နေတာထင်တယ်

" Kim Ji ပါလာပြန်ပြီရယ် Haha မခွဲနိုင်ဘူးထင်တယ်နော်"

"Appa အဲ့လိုကြီးမစပါနဲ့တော့ သူ့လည်းအားနာပါဦး
သွား Lisa ရေချိုးခန်းထဲ ကိုယ်လက်သန့်စင်ခဲ့"

သူခေါင်းညိမ့်ပြလိုက်ကာ အပေါ်ထပ်တက်သွားသည်
ခဏကြာတော့ ပြန်ဆင်းလာတော့ သူမက

"Lisa ဒီမှာထိုင် စားရအောင်လို့"

ပြောတဲ့အတိုင်းသာဝင်ထိုင်လိုက်ရပေမယ့်
စိတ်တော့နည်းနည်းကျဉ်းကျပ်တယ်ရယ်
သူမAppaနဲ့Omma က စိုက်ကြည့်နေတာကြောင့်ပါ

"Appa Omma စားရအောင်လေ "

သူမကပြောလိုက်တော့မှာ ပြုံးပြီး ထမင်းစစားကြတယ်
အစားအစာတွေကအရသာရှိတယ်
သူမတို့မိသားစုက နွေးထွေးဖော်ရွေတယ်
ဒီမှာနေဖို့သူရွေးချယ်ခဲ့တာမှန်တယ်ဆိုရမယ်
သူနေ့ရက်များစွာကို ဒီခြံလေးထဲမှာ ဖြတ်သန်းရဦးမည်

"ဒီတော့ အဝတ်အစားတွေကနည်းနည်းပဲပါတာပေါ့
ဟုတ်လား Lisa"

မနေ့က သူခဏနေခဲ့တဲ့အခန်းလေးထဲရောက်နေခြင်း
ဖြစ်သည်။

"ဟုတ်တယ် Soo"

"Lisa အိမ်ကထွက်ပြေးလာတာလား ဘာပစ္စည်းမှလည်းပါမလာဘူး"

"မဟုတ်ပါဘူး ဒီတိုင်းနည်းနည်းပဲယူလာတာ"

"ထူးဆန်းတယ် "

"ဘာကထူးဆန်းနေလို့လဲ"

"ဘာမှမဟုတ်ပါဘူးနောက်နေ့မှ ဈေးထဲလိုက်ပို့်ပေးမယ်
လိုအပ်တာလေးဝယ်ရအောင်လို့လေ "

Remember I Love You Where stories live. Discover now