"Ji ငါတို့နဲ့အတူခရီးထွက်ကြမလား"
Chaeyoung မေးတော့ Jisoo ပြန်ကြည့်မိသည်။
သူမဆီပြန်လာကြတာမကြာသေးဘူး ခရီးထွက်
ကြမလားဆိုတော့ထူးဆန်းတယ်မလား။
သူမခြံထဲက Chaeyoung အရင်ကနေခဲ့တဲ့ အိမ်လေး
ထဲမှာကော်ဖီသောက်ရင်းစကားပြောနေကြခြင်းဖြစ်
သည်။" ဘယ်ကိုသွားကြမှာလဲ ငါကမောင့်ကိုစောင့်ရမယ်
ထင်တယ်နော်"" ထိုင်းနိုင်ငံကိုသွားမလို့လေ အဲ့ဒီမှာလည်ပတ်စရာတွေ
များတယ်မလား"Jennie နဲ့ Chaeyoung တို့တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းပြောနေကြ
တယ်။" ဟုတ်တယ် Ji ပြီးတော့ Lisa ရှိတဲ့ကျွန်းကိုသွား
ကြမယ်လေ သူလည်းပျော်သွားမှာ""ဖြစ်ပါ့မလား nini ရဲ့ "
" အင်း ဖြစ်တယ် ဒါဆိုသွားမယ်မလား "
သူမခဏတော့စဉ်းစားနေသေးသည်။
" သူလာလို့လွဲသွားရင်ရော"
" မလာဘူး သူက သူ့ကလေးတွေနဲ့အလုပ်ရှုပ်.."
Jennie ပါးစပ် Chaeyoung လက်ဖြင့်အတင်းပိတ်
လိုက်ရသည်။မလွယ်ပါလား အကုန်သိကုန်မှဖြင့်။"nini ဘာပြောလိုက်တာလဲ ကလေးက ဘာဖြစ်တာ"
" ဟဲ Ji ဘာမှမဟုတ်ဘူးလေ nini ကမှားပြောမိတာ"
Chaeyoung ကဝင်ပြောပေမယ့်သူမ မယုံနိုင်။
" မဟုတ်ဘူး ငါသေချာကြားတာ ပြောပြနော်"
" ဒီလိုဟာ သူထွက်သွားတာ 2 နှစ်တောင်မလား
သူ့အဘိုးအတင်းပေးစားလို့အိမ်ထောင်ကျနေရင်
ဘယ်လိုလုပ်မလဲ ပြီးမှကွာရှင်းပြီးနင့်ဆီပြန်လာရင်ရော
နင်ကအငိုက်ဖမ်းရမယ်လေ မဟုတ်ဘူးလား""သူက ငါ့ကိုချစ်တာလေ တစ်ခြားတစ်ယောက်နဲ့
ဘယ်လိုလုပ်လက်ထပ်မလဲ"" မထင်နဲ့ ကြိတ်မှတ်ပြီးနေလို့ရတယ် သိရဲ့လား
အပေးအယူတွေဘာတွေလုပ်ပြီးတော့လေ"Chaeyoung ပြောတာတွေကနည်းလမ်းကျသည်လေ
သူမပိုစိုးရိမ်လာတယ်။" Chae nini မနက်ဖြန်သွားကြမယ် ရတယ်မလား"
ချက်ချင်းစကားပြောင်းသွားတော့ သူမကို Chaeyoung တို့စချင်လာသည်။

YOU ARE READING
Remember I Love You
Fanficအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo