Remember I Love You
အဆုံးသတ်တစ်နေ့ထိ မင်းကိုချစ်ချင်တယ်
မင်းမရှိတော့မယ့် နေ့ရက်တွေထိ
မင်းကို တစ်ယောက်တည်းလည်းမထားခဲ့နိုင်သလို
ကိုယ်တစ်ယောက်တည်းလည်း မနေခဲ့ချင်ဘူး။
မင်းရှိမှပြည့်စုံမယ့် ကိုယ့်ဘဝအတွက်
မင်းနှုတ်ခမ်းပါးတွေကို လှုပ်ခတ်ရုံမျှ တိုးတိုးလေးသာ
ကိုယ့်တောင်းဆိုချက်ကိုလက်ခံပေးပါ။
ချစ်နေတယ် ချစ်တယ် ကိုယ့် မိန်းကလေး။" Soo မောင်နဲ့လက်ထပ်ပေးမလား"
ဒူးထောက်လျက်သားသူ့စကားတွေကြားမှ သူမမျက်လုံးစုံမှတ်ထားလိုက်မိသည်။သူ့ကိုချစ်သည်။
သိပ်မခမ်းနားတဲ့လက်ထပ်ခွင့်တောင်းခြင်းမှာ ခမ်းနားတဲ့သူ့အချစ်တွေအပြည့်အဝပါဝင်သည်။
လက်ခံတယ် မောင်။ မျက်ဝန်းတွေပြန်ဖွင့်မိတော့
စိုးရိမ်နေတဲ့သူ့မျက်နှာလေးကိုတွေ့လိုက်ရတာကြောင့်
အဆုံးစွန်ထိတောက်ပစွာပြုံးပြမိသည်။
သူရဲ့ပြုံးသလိုမျက်နှာလေးကအောင်ငုံသွားပြီး
ဘောင်းဘီအိတ်ထဲက လက်စွပ်တစ်ကွင်းကိုထုတ်ယူ
လိုက်တာတွေ့ရသည်။အရမ်းဟောင်းနွမ်းနေသလိုမျိုး
ထင်ရပေမယ့် သူ့ရဲ့ကိုင်တွယ်ပုံကိုကြည့်ခြင်းဖြင့်
အရမ်းတန်းဖိုးထားမှန်းသိသာစေတယ်။
သူထရပ်လိုက်ပြီး သူမနဲ့မျက်လုံးချင်းဆုံတယ်။
နောက် တစ်ချက်ရယ်ကာ စကားတစ်ချို့ပြောတယ်။" အဟက် သိရဲ့လားSoo ဒီလက်စွပ်လေးကလေ
နှစ်ပေါင်း 50 ကြာပြီတဲ့လေ ဘိုးက သူ့ရည်းစားဦးကို
ပေးမလိုဝယ်ထားတာတဲ့ နောက်ဆုံးမပေးနိုင်ခဲ့ဘူးလေ
ဒါကြောင့် မောင့်ရဲ့ဘွားဘွားမသိအောင် ဖွက်ထားခဲ့တယ်ဆိုလားပဲ အချစ်ကထူးဆန်းတယ်နော်
ခုချိန်ထိ ဘိုးကသတိကနေတုန်းပဲတဲ့လေ"" အချစ်ဦးဖြစ်နေလို့လေ မောင်ရဲ့ "
" ဒါပေါ့ အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ကြဘူးတဲ့
ခု ဘိုးက မြေးအငယ်ဆုံးလေးဖြစ်တဲ့ မောင့်ကိုလေ
သူ့အချစ်ဦးအကြောင်းတွေပြောပြတယ် မပေါင်းရရင်
လည်းချစ်နေရရင်ကျေနပ်တယ်ဆိုပြီးစွန့်လွှတ်ခဲ့ကြ
တာ အချစ်ကစွန့်လွှတ်ခြင်းလား Soo"
YOU ARE READING
Remember I Love You
Fanficအချစ်ဆိုတာလှပတဲ့အရာတစ်ခု သို့သော် လွမ်းဆွေးနာကျင်မှုတွေလည်းရှိတယ် ဒါဆို သတိရခြင်းတွေက ငါတို့ရဲ့ဆုံမှတ်တစ်ခုလား? #Lisoo