တပတ်ဆိုတဲ့အချိန်ကအတော်မြန်နေသလိုထင်ရသည်.လိုတာတွေဝယ်ကြပြင်ဆင်စရာရှိတာပြင်ဆင်ကြနဲ့မို့တပတ်လုံးလိုလိုGunအိမ်အပြင်ထွက်နေခဲ့ရသည်ဖြစ်သောကြောင့်အသက်ရှူချောင်နေခဲ့သည်.ခါတိုင်းဆိုအလုပ်ကအချိန်ပိုင်းဘဲဆိုတော့အိမ်မှာနေတဲ့အချိန်ကများသည်
မဟုတ်လား.
သူကတော်တော်ကိုစေ့စပ်တဲ့သူဗျ.Gunလည်းသူနဲ့တွေ့မှ လိုနေတယ်ဆိုတဲ့စကားဆိုတာဘာမှန်းတောင်မသိတော့
လောက်အောင်ပင်.~~~~~~~~~~~
မင်္ဂလာခန်းမထဲမဝင်ခင်အဝတ်လဲခန်းထဲမှာဂျီကျနေသော
မောင်ကြောင့်အမတော်နှစ်ယောက်တော်တော်ကိုခေါင်းကိုက်နေပြီဖြစ်သည်.
Necktieကိုသတို့သားနှစ်ယောက်ဆင်တူလုပ်ထားတဲ့
အနက်ရောင်မဝတ်ဘဲသူ့ယောက်ဖအကြီးP'Teeဝတ်တဲ့
အဖြူကိုမှဝတ်မယ်ဆိုပြီးဂျီကျနေသောအမောင်Mark.
ဘွားရယ်Porနဲ့Maeရယ်ကခန်းမထဲကိုသွားနှင့်ပြီဖြစ်၍
ဒီကောင်လေးအမနှစ်ယောက်နဲ့ယောက်ဖနှစ်ယောက်ကိုဂျီကျနေခြင်းပင်.သူ့တူဖြစ်သောP'Teeနဲ့P'Nuuရဲ့သား အမြွှာထဲကအကြီးကောင်Brightကတောင်မှ"Arr Markကလူကြီးဖြစ်နေပြီကိုဂျီကျနေတုန်းဘဲ...Brightတို့တောင်အာ့လိုဂျီမကျတော့ဘူး...သက်သက်မဲ့Maeတို့ကိုခေါင်းကိုက်အောင်လုပ်နေသလိုဘဲArr Markက..."
"ငါကဂျီကျစရာလားဟ...မင်းPorရဲ့necktieကိုပိုကြိုက်လို့အာ့တာစည်းချင်တယ်ပြောတာကို...မင်းကလူကြီးပေါက်စလေးအတိုင်းဘဲ...မိန်းကလေးကမသွက်ဘဲယောကျာ်းလေးကပိုသွက်နေတယ်...Riတောင်မင်းလောက်မသွက်ဘူး
Brightရေ...
P'Teeလို့...ကျွန်တော်အာ့Necktieလေးစည်းချင်လို့ပါဗျာ...""မရဘူးလေကွာ..မင်းကမင်းကလေးနဲ့တူတာဘဲစည်းရမှာ
ပေါ့ကွ...N'ရာP'Teeကိုအကြပ်ရိုက်အောင်မလုပ်စမ်းနဲ့ကွာ...မင်းဟာမင်းရွေးခဲ့တာလေဒီNecktieက...""P'Teeရဲ့necktieကပိုလှတယ်ဗျ...ပိုပေါ်တယ်..."
ဒေါက်....ဒေါက်....ဒေါက်
တံခါးခေါက်သံနဲ့အတူတံခါးပွင့်လာပြီးဝင်လာသူကGun."Sawadeekrub....P'တို့ ကျွန်တော်ကGunပါ.... အခုမှမိတ်ဆက်ရလို့အားနာပါတယ်ဗျ...ပြီးခဲ့တဲ့တပတ်လုံးကလည်းဟိုသွားဒီသွားနဲ့Maeနဲ့အိမ်ကိုလိုက်လာပေမယ့်P'တို့ပြန်ရောက်တဲ့အချိန်ကျလည်းကျွန်တော်အိမ်ကိုပြန်တဲ့အချိန်နဲ့ဆိုတော့နှုတ်ဆက်ဖို့အခွင့်ကမကြုံလို့ပါဗျ....တောင်းပန်ပါတယ်ဗျ"
BẠN ĐANG ĐỌC
တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}
Lãng mạnကလေးအတွက် ဦး ရှိနေရင်ပြည့်စုံပါတယ်။အရင်ကလိုကလေးနားမှာဘဲရှိနေပေးပါလား ဖြစ်နိုင်ရင်!!!!! ဒီလိုတွေဖြစ်မယ်မှန်းသိရင်အစောကြီးကတည်းကမင်းကိုကိုယ်ပိုပြီးဂရုစိုက်ပေးခဲ့မှာပါ။အခုတော့................ ကလေးအတွက် ဦး ရှိနေရင်ပြည့်စုံပါတယ်။အရင်ကလိုကလေးနားမှာဘဲရှိန...