Markတယောက်Gunလူနာကုတင်ဘေးကနေတစ်ဖဝါးမှမခွာဘဲGunလက်ကလေးကိုဘဲကိုင်ထားရင်း......
"ကလေး ကိုယ်
ကိုယ်တောင်းပန်ပါတယ်......ကိုယ့်ကြောင့်မို့ကိုယ်သာကလေးကိုမမေ့ခဲ့ရင်အခုလိုကလေးတယောက်တည်းသွားရှင်းမှာမဟုတ်လို့
ကလေးဒီလိုဖြစ်စရာအကြောင်းလည်းမရှိဘူးလေ
ကိုယ်မှားတာသိပြီမို့ အမြန်နိုးလာပေးနော်
ကိုယ် ကလေးစိတ်ဆိုးပြေတဲ့
အထိချော့မှာမို့ ကလေး ကိုယ်ပြောတာကြားရဲ့လား???
ဟင် ကလေး"
Markပြောနေရင်းနှင့်ပင်မျက်ရည်တွေကျလာပြန်သည်။
ဆေးရုံရောက်ရောက်ချင်း operationခန်းဝင်သွားတော့လည်းအခန်း
အပြင်ကနေထိုင်တောင်မထိုင်နိုင်။ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့ပြာယာခတ်စွာ။
Operationပြီးသွားတော့လည်းဆရာဝန်ကလူနာစိုးရိမ်
စရာမရှိတော့ဘူးဟုပြောပေမယ့်လို့အခုထိသတိမရသေး
တော့ကောင်လေးရဲ့လူနာကုတင်ဘေးမှာညလုံးပေါက်။အခုမနက်မိုးလင်းတော့မယ်.....ကောင်လေးကတုပ်တုပ်မလှုပ်။
ဗိုက်အသားကိုဘဲထိုးမိပြီးအတွင်းကလီစာတွေတခုမှမထိခိုက်မိတာမို့အဆိုးထဲကအကောင်းဟုဘဲမှတ်ရမည်။
သူ....ဒီကောင်လေးကိုမေ့နေတဲ့အတောအတွင်းဘယ်
လောက်တောင်နာကျင်ခံစားနေရရှာမလဲ။သူကသာကောင်လေးနာကျင်မှာကြောက်လို့ဆိုသောခေါင်းစဉ်အောက်ကနေတကိုယ်ကောင်းဆန်စွာကောင်လေးကိုမေ့ပစ်ခဲ့ခြင်း။
ပြန်တွေးလိုက်ရင်သူလည်းတကယ်နာကျင်နေရတာ
အမှန်ပင်။"ကလေး နိုးလာရင် ကိုယ့်ကိုစိတ်ကြိုက်အနိုင်ယူနော်
အဲ မဟုတ်သေးဘူး ကိုယ်ကအမြဲအရှုံးပေးမယ်
အခုတော့အမြန်နိုးလာပေးတော့နော်
ကိုယ့်ရင်တွေခွဲတာမမြင်ချင်ရင်"
(နင့်အလှည့်တုန်းကတပတ်တောင်လေ တရားတာ ဟွန့်)
DU LIEST GERADE
တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}
Romantikကလေးအတွက် ဦး ရှိနေရင်ပြည့်စုံပါတယ်။အရင်ကလိုကလေးနားမှာဘဲရှိနေပေးပါလား ဖြစ်နိုင်ရင်!!!!! ဒီလိုတွေဖြစ်မယ်မှန်းသိရင်အစောကြီးကတည်းကမင်းကိုကိုယ်ပိုပြီးဂရုစိုက်ပေးခဲ့မှာပါ။အခုတော့................ ကလေးအတွက် ဦး ရှိနေရင်ပြည့်စုံပါတယ်။အရင်ကလိုကလေးနားမှာဘဲရှိန...