Part 20

1.5K 134 34
                                    

"တောက် Siwat Jumlongkul နင်တော်တော်ပြောင်းလဲသွား
တာဘဲဟ ဘာ မင်းကိုငါမမေးမိဘူးထင်တယ်နော် Pink ဟုတ်လားဟား ဟား
ငါနိုင်ငံခြားရောက်တာတောင်နင့်ကိုသံယောဇဉ်မပြတ်နိုင်လို့
အဆက်အသွယ်လုပ်ခဲ့တာကို နင်ပြန်မဆက်သွယ်ကတည်းက ငါ့ရင်
ထဲမှာရှိတဲ့အချစ်တွေကိုထုတ်ပစ်ခဲ့သင့်တာ ငါ Richကိုလက်ခံခဲ့တာ
ကလည်းနင့်ယောက်ဖဖြစ်နေလို့ Richဆီကတဆင့်Gunနဲ့ရင်းနှီး
အောင်လုပ်ပြီး ငါနင့်အပေါ်ထားတဲ့အချစ်တွေကို Gunသိအောင်ပြောပြပြီး နင့်ကိုပြန်ယူမလို့ နင်စောင့်ကြည့်နေ ဒီနေ့ငါ့ကိုအရှက်ခွဲခဲ့တဲ့အတွက် တနေ့နင်နောင်တရစေရမယ်"

Pinkအကြီးအကျယ်ပေါက်ကွဲနေလေသည်.ကိုယ့်မှာတော့သူ့ကိုသံယောဇဉ်မပြတ်နိုင်လို့ဒီအထိတောင်ပြောင်းလာခဲ့ရတာ.လွန်ခဲ့တဲ့တစ်နှစ်လောက်ကရောက်ရောက်ချင်းသူ့ကိုရှာခဲ့ပေမယ့်တွေ့ခွင့်မကြုံ.Pinkရဲ့PorဆုံးပြီးcompanyကိုPinkဘဲဦးဆောင်ပေးခဲ့သည်လေ.

Porကတရားမဝင်အလုပ်ဖြစ်တဲ့ရှေးဟောင်းပစ္စည်းတွေ
ရောင်းဝယ်ရေးကိုအကြီးအကျယ်လုပ်ကိုင်နေသည်ကိုလည်းPorမဆုံးခင်ကမှPinkကိုပေးသိခဲ့သည်.ပြီးတော့Porကလူဆိုးဂိုဏ်းခေါင်းဆောင်ဆိုတာကိုလည်းနောက်ဆက်တွဲသိခဲ့ရသည်.Pinkမိုက်ရူးရဲဆန်စွာဘဲPorရဲ့လမ်းစဉ်ကိုလိုက်ခဲ့သည်လေ.

လွန်ခဲ့တဲ့တစ်နှစ်ကဘဲထိုင်းမှာရုံးခွဲဖွင့်ဖို့လုပ်ခဲ့ပြီးထိုင်းကို
ပြောင်းလာခဲ့သောPink.ပြောင်းလာပြီးတစ်နှစ်မပြည့်ခင်မှာSkyရဲ့ဒုဥက္ကဋ္ဌSiwat Jumlongkul ရဲ့မင်္ဂလာသတင်းကဟိုးလေးတကြော်ကြော်
ဖြစ်ခဲ့သည်လေ.မိန်းကလေးတယောက်မဟုတ်ဘဲ ယောကျာ်းလေးတယောက်နဲ့တဲ့လား.

အမှန်တော့NationဆိုတာPinkရဲ့companyပါ.
projectအသစ်ကိုထုတ်လိုက်လို့သူဒေါသတွေဆူပွက်ပြီး
Pinkဆီရောက်လာလိမ့်မယ်လို့ထင်ခဲ့တာ.အရာရာကိုသွေးအေးအေးနဲ့ဖြေရှင်းတတ်တဲ့အကျင့်ကအရင်လိုမပြောင်းလဲ
သေးပါလားMark.

ကံကြမ္မာကဖန်လာပြန်တော့Markရဲ့ယောက်ဖဖြစ်သူ
Richနဲ့Pinkကbarတခုမှာဆုံပြီးခင်မင်ခဲ့ကြသည်.
Richကိုကိုယ့်လုပ်ငန်းတွေမှာအသုံးချဖို့အတွက်နောက်
ကြောင်းတွေစုံစမ်းလိုက်တော့Pinkအကြံရသွားခဲ့သည်လေ.Gunဆိုတဲ့ကောင်လေးကအရမ်းရိုးသားပြီးဖြူစင်
သောကောင်လေးတယောက်ဖြစ်မှန်းPinkရိပ်မိသည်.ထို့အတွက်ကြောင့်Richကိုချဉ်းကပ်ပြီးGunနဲ့ရင်းနှီးအောင်လုပ်ရန်Pinkဆုံးဖြတ်လိုက်သည်.ရင်းနှီးလာမှကိုယ့်အကြောင်း
တွေသနားအောင်ပြောပြပြီးMarkကိုပြန်လည်ရယူဖို့လုပ်ရမည်မဟုတ်လား.

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Where stories live. Discover now