Part 6

2.2K 197 19
                                    

Gunမနေ့ကအိပ်ရာဝင်တာနောက်ကျသောကြောင့်မနက်
်ခုနှစ်နာရီကိုမနည်းမျက်လုံးကိုပြူးပြဲပြီးကုန်းရုန်းထခဲ့ရသည်.
ဘေးကနေရာကိုကြည့်လိုက်တော့ ဦး ရှိမနေ.
မနေ့ကရန်ဖြစ်တဲ့ကိစ္စကလည်းသေချာဂဃဏနမသိရသေး.

"ကလေး နိုးနေပြီလား မနေ့ကအိပ်ရာဝင်တာနောက်ကျလို့အိပ်ရေး ဝ အောင်လို့တမင်မနှိုးတာ ဘယ့်နှယ့်လဲအိပ်ရေးဝရဲ့လား"

သူအခန်းထဲဝင်လာရင်းကုတင်စွန်းမှာဝင်ထိုင်ပြီးမေးလိုက်သည်.မနေ့ကပြောချင်တာတွေပြောပြီးကလေးကမရှက်ရဘဲလူကြီးကရှက်ခဲ့သည့်အဖြစ်.မနက်ရောက်တော့လည်းအစောကြီးပွင့်လာသောမျက်လုံးများကိုမကျေနပ်ချင်.သို့သော်လည်းကောင်လေးအိပ်နေတာလေးကိုတစိမ့်စိမ့်ကြည့်ခွင့်ရခဲ့တာ
ကြောင့်ပြည့်စုံလှသောမနက်ခင်းလေးဖြစ်ခဲ့သည်လေ.ကောင်လေးကိုကြည့်နေရင်းဘယ်ဖက်ရင်အုံကြီးပွင့်ထွက်သွားပြီလားဟုတောင်ထင်မိသည်.အနေနီးလွန်း၍ဖြစ်နေသည်လားဟုလည်းထင်မိသည်.တက္ကသိုလ်တက်စကသူလည်းကောင်မလေးတယောက်ထားခဲ့ဘူးသည်.ရည်းစားဖြစ်ပြီးနှစ်ရက်ကြာတော့ကောင်မလေးရဲ့အဖေကိုယ်တိုင်ကျောင်းကိုလိုက်လာပြီးသူ့သမီးနဲ့မပတ်သက်ဖို့လာပြောသွားသည်.Markတို့ကကိုယ့်ကိုအလိုမရှိပါဘူးလို့ပြောနေတာကိုတွယ်ကပ်နေရ
လောက်အောင်မညံ့.ထို့ကြောင့်လည်းသူ့သမီးကိုလုံးဝအဆက်အသွယ်မလုပ်ဘဲတိခနဲဖြတ်ခဲ့သည်လေ.ထိုအချိန်မှစ၍လည်းနောက်ထပ်ဘယ်သူ့ကိုမှမချစ်ခဲ့ပါ.ကောင်မလေးရဲ့အဖေကလည်းသူ့သမီးကိုကျောင်းကထုတ်ပြီးနိုင်ငံခြားပို့ပစ်ခဲ့သည်လေ.နမ်းဖို့နေနေသာသာလက်တောင်မကိုင်ခဲ့.ထို့
ကြောင့်ဒီကောင်လေးနဲ့ကအနေနီးလွန်း၍လားဟုလည်းထင်
နေမိသည်.သူ့ကိုယ်သူမသေချာတာအမှန်ပါ.

" ဦး ကလေးကိုမနေ့ကရန်ပွဲကိစ္စလေးပြောပြဦးလေ ပြောချင်တာတွေပြောပြီးအိပ်သွားတာ😁😁"

"အာ အာ့ကတခါမှအာ့လိုမဖြစ်ဘူးလို့ ကဲ ထားပါ
မနေ့ကကိစ္စပြောပြမယ်"

သူမနေ့ကclubကိုသွားခဲ့သည်မှစNicကိုပို့ခဲ့သည်အထိ
ကောင်လေးကိုပြောပြလိုက်သည်.

" P'Nicနဲ့ အာ့ကောင်လေးလည်းတော်တော်ထိသွားမှာဘဲနော် P'Nicကိုလုပ်ကိုင်ပေးမယ့်သူလည်းမရှိဘူး"

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}حيث تعيش القصص. اكتشف الآن