ဒေါက် ဒေါက် ဒေါက်
"တံခါးဖွင့်ထားတယ်လေ ဝင်ခဲ့လိုက်နော်"
Graceတယောက်တံခါးဖွင့်ရင်းဝင်လာသူ
ဘယ်သူလဲကြည့်လိုက်တော့Gun။"ပူတူး လာ ထိုင်လေ"
ပြောပြီးGraceလက်လှမ်းလိုက်တော့မှGrace
ထိုင်နေသောကုတင်စွန်းလေးမှာလာထိုင်ရင်း"Mae...... Gun ပြောစရာရှိလို့"
"ပြောစရာ?....ဘာလဲ ပူတူး ပြောလေ"
ထိုစဉ်မှရေချိုးခန်းကပြန်ထွက်လာသောKaoတယောက်
ဇနီးဖြစ်သူနဲ့အတူGunကိုမြင်လိုက်ရတော့
အံ့သြသွားဟန်နှင့်။"ဟာ ပူတူးရောက်နေတာလား"
"krub Por......Gun ပြောစရာရှိလို့ပါ"
တိုးလျသောအသံနှင့်ပြောနေသောGunကိုကြည့်ရင်းပိုပြီးစိတ်မကောင်းဖြစ်မိသည်။
သူ့ခမျာကိုယ့်သားအတွက်ပူပန်ပေးနေရတာနဲ့ဘဲ
သူ့ကိုယ်သူတောင်ဂရုမစိုက်နိုင်။အရင်ရက်တွေကအစာစားချိန်မမှန်တာတွေ စားတာနည်းနည်းမစားတာများများဖြစ်ခဲ့တာ
တွေရယ်ကြောင့်ပိန်သွားလိုက်တာ။နဂိုကမှဖြူလွန်းတဲ့အသားကအခုပို၍ပင်ဖျော့တော့
့နေပြီးပန်းနုရောင်ပါးလေးတွေပင်အဖြူရောင်ဖြစ်နေလေပြီ။ဒီရက်ပိုင်းတွေမှာလည်းကျောက်ပတ်တီးကြောင့်အိမ်မှာ
နေနေရသော်လည်းဒီကောင်လေးစိတ်ထဲမှာအရမ်း
နာကျင်နေမှာအမှန်။ဝမ်းနည်းတာရော၊stressတွေရော ပေါင်းစုံပြီး လူကယိုင်နဲ့နဲ့။
ဒီကောင်လေးကျမှရွေးပြီးဖြစ်တာတဲ့လား ကံကြမ္မာရယ်........
တရားလိုက်တဲ့....... လောကကြီးပါလား။
"ဘယ်လို ပူတူး.....Por ကို ပြန်ပြောပြပါလား နားကြားမှားသလားလို့ "
ခင်ပွန်းဖြစ်သူKaoတယောက်အသံကျယ်ကျယ်နဲ့ပြောလိုက်မှသတိဝင်လာသောGrace။
"................"
ဘာပြောလိုက်မှန်မသိပေမယ့်ခင်ပွန်းသည်ကိုကြည့်တော
့ဝေခွဲရခက်နေတဲ့ပုံ။
ČTEŠ
တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}
Romanceကလေးအတွက် ဦး ရှိနေရင်ပြည့်စုံပါတယ်။အရင်ကလိုကလေးနားမှာဘဲရှိနေပေးပါလား ဖြစ်နိုင်ရင်!!!!! ဒီလိုတွေဖြစ်မယ်မှန်းသိရင်အစောကြီးကတည်းကမင်းကိုကိုယ်ပိုပြီးဂရုစိုက်ပေးခဲ့မှာပါ။အခုတော့................ ကလေးအတွက် ဦး ရှိနေရင်ပြည့်စုံပါတယ်။အရင်ကလိုကလေးနားမှာဘဲရှိန...