Part 11

1.9K 175 30
                                    

"အား မလုပ်ပါနဲ့ မလုပ်ကြပါနဲ့ ဦး ကိုမလုပ်ပါနဲ့ Gunတောင်းပန်ပါတယ် အားးးးးးး "

"ကလေး ကလေး ကလေးးးးးးးး"

သူကောင်လေးပုခုံးကိုကိုင်ပြီးလှုပ်ရင်းနဲ့အသံကျယ်ကျယ
်နဲ့အော်တော့မှမျက်လုံးပွင့်လာခဲ့သည်.ချွေးစေးတွေလည်းပြန်လို့.အသက်ရှူသံတွေကလည်းအခန်းကြီးတောင်ပေါက်ထွက်တော့မတတ်.အိပ်မက်ဆိုးတွေမက်နေသည်ထင်သည်.
ကောင်လေးနှဖူးကချွေးတွေကိုသုတ်ပေးလိုက်ရင်း

"ကလေး ထ ရေသောက်ရအောင်"

ပြောပြီးသူကိုယ်တိုင်ကောင်လေးပုခုံးကိုကိုင်ပြီးထူပေးလိုက်သည်.ရေကိုဖန်ခွက်ထဲပြောင်းထည့်ပြီးကောင်လေးဆီလှမ်း
ပေးတော့အငမ်းမရသောက်ချလိုက်ပြီးရင်ဘတ်ကလေးကိုလည်းဖိရင်းအမောဖြေနေသည်ထင်သည်.

"ရရဲ့လား ကလေး"

"ရပါတယ် ဦး ခုနကလောက်မဆိုးတော့ဘူး ရတယ်"

သူ့ဖက်ကိုလှည့်ပြီးပြုံးရင်းပြောလာတဲ့ကောင်လေးရဲ့အပြုံးကနွမ်းလျလျ.
ဘာအိပ်မက်တွေများမက်နေတာလဲ......ကောင်လေး.

"ကလေး ဘာအိပ်မက်တွေမက်လို့လဲ ကိုယ့်ကိုပြောပြလို့ရမလား"

"ဟုတ် အိပ်မက်ထဲမှာ Parရဲ့သားP'Parkနဲ့P'Rich က ဦး ကိုဝိုင်းပြီးထိုးကြိတ်နေကြတာ ပြီးတော့P'Richက ဦး ကိုဓား နဲ့ ဓား နဲ့ ဟင့် ဟီး အီး"

လက်စသတ်တော့ကောင်လေးကသူ့အကြောင်းအိပ်မက်မက်တာကိုး.လက်တွေ့မဟုတ်တာကိုငိုနေလိုက်တာကြည့်ပါဦး.သူ့အတွက်စိတ်ပူပြီငိုနေတဲ့ကလေးငယ်ရယ်.သူကြည့်ပြီး
ဂရုဏာသက်မိသည်.

"ကလေး အိပ်မက်လေကွာ ပြောင်းပြန်ကောက်ရတယ်ကွ အခုကိုယ်လည်းဘာမှမှမဖြစ်တာကို စိတ်ထဲကထုတ်လိုက်တော့ အိပ်စို့နော် မနက်
သင်တန်းသွားရမယ်လေ ကြည့်ပါဦး ငိုနေလိုက်တာများကလေးပေါက်စ
လေးကျလို့ မငိုနဲ့တော့ ကိုယ်ဘာမှ............."

ပြောနေရင်းကောင်လေးကသူ့ခါးလေးကိုသိုင်းဖက်လိုက်ရင်းသူ့ရင်ခွင်ထဲကိုလာမှီနေလေတော့ဘာလုပ်ရမှန်းမသိ.သူကသာဒီကောင်လေးကိုအသားယူပူးကပ်ပြီးမထိတထိလုပ်ချင်တာ.သူ့ကိုပြန်လာလုပ်လျှင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ.
ခြေမကိုင်မိလက်မကိုင်မိဖြစ်မိသည်မှာအမှန်.
အေးပေါ့လေ....သူကိုကကလေးမုန့်ပေးကြိုက်ရတဲ့အရွယ်လွန်ဖြစ်နေတော့ဒါမျိုးတွေသူ့ကိုလာလုပ်ရင်ဘယ်လိုနေရမှန်းမသိ.ရင်တွေလည်းအခုန်လွန်ပြီးခြေဖျားလက်ဖျားတွေပါအေးလို့.အခုလိုရုတ်တရက်ဆိုရင်ပိုဆိုး.ကြာရင်မလွယ်........
shock တောင်ရသွားနိုင်သည်လေ.

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ