Part 7

2.2K 189 24
                                    

ညနေdinnerကျပြန်တော့လည်းအရိပ်တကြည့်ကြည့်နဲ့အကဲပိုလွန်းနေသောသူ့ကိုကြည့်၍dinnerကလူတိုင်းကကွက်ကြည့်ကွက်ကြည့်.ကောင်လေးကိုကြည့်ပြန်တော့လည်းရှက်ကိုးရှက်ကန်း.ဝိုင်းမှာထိုင်နေတာတောင်ကောင်လေးလက်ကိုကိုင်ထားခဲ့သည်မို့သူ့ကိုတော့အကဲပိုလွန်းသည်ဟုမြင်ကြမှာအမှန်.မြင်ချင်သလိုမြင်ကြပါစေ...သူ့အတွက်
ဒီကောင်လေးပျော်နေတယ်စိတ်ချမ်းသာနေတယ်ဆိုရင်သူ
ကျေနပ်သည်လေ.ကောင်လေးဘဝလေးကိုအပူအပင်မရှိ
အေးချမ်းစေချင်ခဲ့တာအမှန်.

အိမ်ပြန်ရောက်တော့လည်းနောက်ကျနေပြီဖြစ်၍အခန်းထဲကိုသာတန်းဝင်ခဲ့ပြီးဘွားတို့ကိုစိတ်ထဲ၌မှန်း၍သာကန်တော့ပြီးအိပ်ရာဝင်ခဲ့လိုက်ကြသည်.

~~~~~~~~~~~~~

ဒီနေ့တော့ကောင်လေးအိမ်မှာနေခဲ့သည်ဖြစ်သည်.အိမ်ကလူတွေကတော့ထုံးစံအတိုင်းအလုပ်ကိုယ်စီသွားကြသည်လေ.
ကောင်လေးကBrightနဲ့Rightတို့ကိုလည်းကျောင်းပို့
ပေးခဲ့သည်.P'Teeနဲ့P'Nuuကတော့ကလေးနှစ်ယောက်အတွက်စိတ်ချရတဲ့သူတယောက်ထပ်ရလိုက်သလိုပင်.
ကောင်လေးကိုဒီလိုဝိုင်းချစ်ပေးကြတဲ့အတွက်လည်းသူ
ပျော်မိသည်.ကောင်လေးကအမြဲအနှိပ်စက်ခံပြီးကိုယ်ဘာဖြစ်ချင်သလဲဆိုတာတောင်ပြောပိုင်ခွင့်မရှိဘဲနေလာခဲ့ရသည်မလား.

ညစာစားကြတော့လည်းသူကောင်လေးပန်းကန်ထဲကိုဘဲဟင်းတွေစုပြုံပြီးထည့်ပေးနေလေတော့အိမ်ကလူတွေလည်းတယောက်တပေါက်ပေါ့.
ရော်........သူတို့တွေဘဲဒီလိုဖြစ်စေချင်နေကြပြီးတော့အခုလည်းကျရောအဟမ်းလုပ်သူလုပ်အဟင်းပြောသူပြော.Maeနဲ့ဘွားကအဆိုးဆုံးတယောက်နဲ့တယောက်လက်ကလည်းမသိမသာလှမ်း လှမ်းကုပ်သေးတာ.လိုက်လည်းလိုက်တဲ့
သားအမိပါဘဲ.

စားပြီးအပေါ်ထပ်သို့တက်လာခဲ့တော့ထုံးစံအတိုင်းကောင်
လေးကTVကြည့်ရင်းအောက်မှာကျန်နေခဲ့သည်လေ.ဘယ်လိုကောင်လေးလဲ......ကိုယ့်ယောကျာ်းနားမှာကပ်ချွဲမယ်မရှိဘူး.

စာရင်းတွေပြန်စစ်Nicပို့ထားသောMailနဲ့တခြားMail
တွေကိုစစ်ပြီးနာရီကြည့်လိုက်တော့ဆယ်နာရီတောင်ထိုးတော့မည်.ကောင်လေးလွန်လာပြီ.အမှန်ဆိုသူကဒဏ်ရာတွေနဲ့
လေ.နည်းနည်းပါးပါးတော့ပြုစုသင့်တာပေါ့(အရမ်းကိုကြီးမားသောဒဏ်ရာတွေနဲ့ဆိုတော့လည်း 😏😏)
လက်ထပ်ပြီးပေမယ့်မနေ့ကမှပူပူနွေးနွေးချစ်ခါစကို.သူတွေးရင်းမျက်မှောင်ကအလိုလိုနေရင်းကြုတ်မိပြန်သေး.စိတ်မ
ရှည်လာတော့သွားခေါ်မည်ဆိုပြီးအခန်းတံခါးအဖွင့်ကောင်
လေးကရေခဲခွက်လေးကိုင်ပြီးအခန်းတံခါးရှေ့မှာရပ်နေသည်ကိုတွေ့လိုက်ရသည်.

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Where stories live. Discover now