Part 30

1.2K 123 28
                                    

"ကြီးကြီးEmma ဟိုကောင်လေးကို ကျွန်တော်ပြန်လာတည်းကမတွေ့
သေးဘူး သင်တန်းကနေပြန်မလာသေးတာလား"

ညစာစားရန်ဆင်းလာသောMarkတယောက်
Gunဆိုသောကောင်လေးကိုမတွေ့မိ၍မေးလိုက်ခြင်း။

"Mae ဆိုင်မှာနေပေးခိုင်းထားတယ် ဆိုင်ကညဘက်စောင့်ပေးနေကျ
ဦးလေးကြီးခွင့်ရက်ရှည်ယူထားလို့"

နောက်မှရောက်နေသောMaeကဝင်ဖြေပေးလိုက်ခြင်း။

အမှန်တော့Graceညာပြီးဖြေလိုက်မိခြင်းပါ။

Gunကအပြင်မှာနေချင်လို့ လို့ပြောရင်ပြဿနာပိုဆိုးမည်မဟုတ်လား။

Markအလိုမကျလျှင်ဖြစ်ပေါ်လာတတ်သောမျက်မှောင်ကြုတ်။

သူဘာကိုအလိုမကျတာလဲ။

Maeပြောလိုက်တဲ့စကားကြောင့်လား.........

ကောင်လေးကိုမတွေ့ရ၍လား........

မသဲကွဲခင်မှာဘဲပါးစပ်ကထွက်သွားတာက

"ကောင်လေးက ညစောင့်လား Mae"

အေးစက်ခြင်းတွေခြုံလွှမ်းနေသောရတိပြတ်အမေးကြောင့်ဒီတခါမျက်လုံးပြူးသွားသူက ဘွား။

"မြေး......"

ဘာတွေလဲ?

ဘာလို့သူ့ကိုအထူးအဆန်းကြည့်နေကြတာလဲ?

"ကောင်လေးကကျွန်တော်နဲ့လက်ထပ်ထားတဲ့သူဆို

အဲဒီကောင်လေးဘက်ကနေဒီလောက်တောင်ဝင်ပြောခွင့်မရှိဘူးလား

ဘာလို့အထူးအဆန်းကြည့်နေကြတာလဲ"

သူမေးမှမျက်နှာအနေအထားတွေပြန်ပြင်လိုက်ကြရင်း

"သမီး သားရော "

ဘွားဖြစ်သူကသူ့သားမက်အားမေးတော့

"အခန်းထဲမှာ Mae.....ညနေcompany ကပြန်လာတည်းကခေါင်းမူးနေလို့တဲ့ ဆေးသောက်ပြီးအိပ်နေတယ်"

"ဟယ် သက်သာရဲ့လား အခုက"

"ဆေးသောက်ပြီးအိပ်တာဆိုတော့ နိုးလာရင်သက်သာသွားမှာပါ"

"အေး အေး ပြီးရော..........ကဲ လူစုံပြီ စားကြစို့"

ဘွားနဲ့Maeစကားပြောနေတုန်းကိုဘဲTeeတို့
မိသားစုနဲ့Baoတို့
မိသားစုပါဆင်းလာကြပြီးထမင်းစားဝိုင်းတွင်နေရာယူလိုက်ပြီးနှင့်ပြီဖြစ်သည်။

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ