Part 36

1.3K 133 54
                                    

ဒီကိစ္စကိုသူ့ကိုပေးမသိပါသေးနဲ့လို့ပြောလိုက်တာမို့်Nic
တယောက်ဖိုင်ကိုcopyယူခဲ့ပေမယ့်အခုချိန်ထိMark
ကိုမပြရသေးပေ။

Nicစိတ်အတိုင်းသာဆိုထိုနေ့ကတည်းကMarkကိုဖုန်းဆက်ခေါ်ပြီးပြခဲ့မှာအမှန်။

သို့သော်.....GunကMark ဒါကြည့်ပြီးတခုခုပြန်ဖြစ်မှာမလိုလား
သောကြောင့်ဒီနေ့ထိငြိမ်နေခဲ့တာတပတ်တောင်ရှိပြီ။

ခါတိုင်းမနက်နိုးလာရင်လန်းဆန်းနေသောNicတယောက်လွန်ခဲ့တဲ့တပတ်မှစပြီးမနက်အိပ်ရာထလာရင်ထိုအကြောင်းကအရင်ဆုံးခေါင်းထဲဝင်လာတာမို့.....ဘယ်လိုမှမလန်းဆန်းနိုင်တော့။

ဒေါက်....ဒေါက်

ဟော......ဟိုချီးထုတ်ကလေး လာပြီထင်သည်။

🚶🚶

တံခါးဖွင့်ဖွင့်ချင်းNicကိုတင်းနေအောင်ဖက်လိုက်သော
Best။

"ခဏ မောင် .......ဘာဖြစ်လာတာလဲ???"

Nicမေးတော့ဖက်ထားရာကနေမလွှတ်သေးဘဲ......

"မောင့်ကိုထားသွားပြီ မှတ်နေတာ"

ဒီကောင်လေးဘာဖြစ်ပြန်ပြီမသိ???

တခါတလေဆိုစိတ်ရူးပေါက်ပြီးအခုလိုတွေပြောတတ်သော
Best။

"မောင်သေသွားရင်P'ငိုမှာလား???" တို့၊

"P'မှမချစ်တော့ရင် sucideလုပ်မိလောက်တယ် သိလား???" ဆိုတာမျိုး၊

စိတ်ရူးပေါက်ရင်ပေါက်သလိုအမျိုးစုံကြိုးခုန်နေတတ်သော
Nicရဲ့ကောင်ဆိုးလေးပါ။

အခုလည်းကြည့်လေ....Nicကဘာကိစ္စသူ့ကိုထားသွားရမှာတုန်း။

ဒီကောင်လေးကြောင့်ချစ်တတ်ခဲ့တာဖြစ်ပြီး၊ဒီကောင်လေးကိုဘဲတစ်ဘဝလုံးစာအတွက်ချစ်သွားဖို့ရည်ရွယ်ဆုံးဖြတ်ထားတာကိုသိလျက်နဲ့တခါတလေအခုလို
တွေပြောတတ်မေးတတ်တဲ့ကောင်လေး။

"ကဲ ခဏလွှတ်ဦး ဘာဖြစ်လာတာလဲ??? ပြော

အခုလိုပြောတာအကြောင်းတော့ရှိမှာလေ...ဘာဖြစ်လို့လဲ?"

Bestလွှတ်ပေးလိုက်ပြီးမှဘာစကားမှမဆိုဘဲတိတ်နေလေသည်။

ခေါင်းကလည်းငုံ့လို့။

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Donde viven las historias. Descúbrelo ahora