Part 4

2.3K 196 26
                                    

" ဦး ထတော့လေ....ခြောက်နာရီထိုးပြီဗျ ဦး လို့ ထတော့လို့ဆိုဗျာ"

ကုတင်ဘေးနားကနေကိုယ်လေးကိုင်းပြီးသူ့ကိုလှုပ်နှိုးနေ
သောကောင်လေးအသံကြောင့်မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်ခဲ့ရသည်.

"အေးပါကွာခါတိုင်းခြောက်နာရီဆိုတာကိုယ့်အတွက်စော
သေးတယ်ကွမင်းရောက်လာပြီဆိုတော့ကိုယ့်အိပ်ချိန်တွေ
လျော့ကုန်ပါပြီကွာ"

သူခေါင်းကိုဖွပြီးအိပ်ချင်မူးတူးနဲ့ပြောနေတာကြောင့်Gunရီမိသည်.ဒီလူကြီးကတခါတလေဆိုကလေးကြီးအတိုင်းဘဲ.
Gunကိုသူ့ထက်အငယ်ဆိုတာရောသတိရသေးရဲ့လားမသိ.အခုလည်းကြည့်လေGunကလာနှိုးတာတောင်သူ့အိပ်ချိန်
တွေလျော့လို့စူပုပ်နေသောကလေးကြီး.

"ဟင် ခြောက်နာရီကိုစောသေးတယ် ဟုတ်လား ကလေး ကဖြင့်အိမ်သန့်ရှင်းတောင်လုပ်ပြီးသွားလို့ရေမိုးချိုးအဝတ်တွေတောင်လျှော်ပြီးပေါ့ အခု ဦး ရေမိုးချိုးအဝတ်အစားလဲပြီးရင် ကလေးနဲ့အတူဘုရားခန်းထဲမှာဘုရားသွားရှိခိုးရမယ်နော် ကလေးကမနက်အစောကြီးဘုရားရှိခိုးတတ်တဲ့အကျင့်ရှိလို့ အခုတော့ ဦး ပါ ကလေးနဲ့အတူဘုရားရှိခိုးရမယ်နော်"

"အိမ်သန့်ရှင်းရေးနဲ့အဝတ်လျှော်တာကမင်းလုပ်စရာမလိုဘူးလေကြီးကြီးEmmaနဲ့P'Lilyတို့ရှိတယ်လေ သူတို့နှစ်ယောက်ထဲကတယောက်ကိုပြောလိုက်ရင်သူတို့စီစဉ်ပေးမှာဘဲလေ ကြီးကြီးEmmaကအိမ်တော်ထိန်း P'Lilyကဒီအိမ်ကအလုပ်သမားတွေကိုအုပ်ချုပ်တဲ့သူ နောက်ဆို မင်းအာ့တွေမလုပ်ရဘူးနော် မင်းလုပ်ချင်တဲ့ဟာကို ကြီးကြီးEmmaကိုဖြစ်ဖြစ်P'Lilyကိုဖြစ်ဖြစ်ပြော ကျန်တဲ့သူတွေကိုလည်းပြောလို့ရပါတယ် ကျန်ရှိနေတဲ့မင်းဘဝလေးမှာအရင်လိုပူပန်နေရတာတွေပင်ပင်ပန်းပန်းလုပ်နေရတာတွေစိုးထိတ်ကြောက်ရွံ့နေရတာတွေမရှိဘဲနေသွားရစေမယ် သေနတ်ကလေးရေ
ကဲ ကိုယ် ရေချိုးတော့မယ်
ဘုရားလည်းအတူတူလိုက်ရှိခိုးပေးမယ် ပြီးရင်တော့Maeတို့နဲ့အတူတူအိမ်ရှေ့မှာ ဘုန်းဘုန်းတွေကိုဆွမ်းလောင်းရမယ်နော် အော် ကိုယ့်ကို
ဒီနေ့ကစပြီး necktie စည်းပေးရမှာမမေ့ပါဘူးနော်"

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Tempat cerita menjadi hidup. Temukan sekarang