Part 46

1.1K 92 12
                                    

"ဦး......P'Nicဆီခဏဝင်ပေးပါလား ကလေးပြောစရာရှိလို့"

Bestအိမ်ကအပြန် နောက်နေ့ကူးအောင်မစောင့်နိုင်တော့ဘဲ
ချက်ချင်းတွေ့ဖို့ဆုံးဖြတ်လိုက်သည်။

"အင်း..... ကလေး ဝင်ပေးမယ်နော်"

"ဟုတ်"

ကောင်လေးခေါင်းလေးငြိမ့်ပြရင်းပြုံးလေသည်။

သူပြုံးရင်းကောင်လေးခေါင်းကိုလှမ်းဖွလိုက်သည်။

"ကျေးဇူး ကလေး..... ဦး လို့ပြန်ခေါ်ပေးလို့"

သူပြောတော့ကောင်လေးခေါင်းရမ်းပြရင်း.....

"ကလေးတောင်းပန်ပါတယ်
ဦး ကိုစိတ်ညစ်အောင်လုပ်မိလို့......"

"ရပါတယ် ကလေးရယ်.....ကိုယ် ကလေးကိုအပြစ်မမြင်ပါဘူးကွာ
ချစ်လွန်းလို့အပြစ်ကိုမမြင်ရက်တာ"

ထိုတော့မှကောင်လေးပြန်ပြုံးသွားပြီခေါင်းလေးငြိမ့်ကာရယ်သံလွင်လွင်လေးနှင့်ရယ်လေသည်။

ကလေးရယ်.......ကလေးကိုလပိုင်းလောက်စိတ်ဆင်း
ရဲအောင်လုပ်ခဲ့မိတဲ့ကိုယ်ကသာအပြစ်ရှိတာပါကွာ။

ဒီလူသားကိုအရမ်းချစ်ပေးလို့တကယ်ကျေးဇူးတင်ပါ
တယ်.....ကလေးရေ။

ရှေ့လျှောက် ကလေးရဲ့နေ့ရက်တွေတိုင်းမှာစိတ်ညစ်စရာမရှိဘဲအမြဲ
ပျော်နေရအောင်ဒီလူသားကစွမ်းဆောင်ပေးပါရစေ။

ကိုယ့်ရဲ့နေ့သစ်တွေတိုင်းကိုလည်းကလေးစိတ်ကြိုက်ပုံဖော်
ရေးဆွဲပါ.........

ကလေးရဲ့နေ့သစ်တွေတိုင်းမှာကိုယ့်ကိုရှိနေခွင့်ပြုပြီး၊
ကိုယ့်ရဲ့နေ့သစ်တွေတိုင်းကိုလည်းကလေးနဲ့ဘဲအတူတူဖြတ်သန်းခွင့်ပြုပါ။

ကိုယ့်ရဲ့တစ်ဘဝလုံးချစ်မယ့်သူက ကလေးဖြစ်သလို၊ ကလေးရဲ့တစ်ဘဝလုံးချစ်မယ့်သူကလည်း ကိုယ်ဘဲဖြစ်ပါရစေ။

ကလေးအေးရင်နွေးစေမယ့်၊ ကလေးရင်ကိုအေးစေမယ့် ဒီလူသားရဲ့ချစ်ခြင်းမေတ္တာတွေကတိုင်းတာလို့မရနိုင်အောင်အဆုံးအစမဲ့ပါတယ်။

ကလေးတစ်ယောက်တည်းအတွက်ဖြစ်တည်လာတဲ့ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ကလေးရဲ့ဘဝတစ်ခုလုံးကိုလုံခြုံနွေး
ထွေးရစေမယ်။

တစ္ဘဝလံုးခ်စ္မယ့္သူ{Completed} တစ်ဘဝလုံးချစ်မယ့်သူ{Completed}Where stories live. Discover now