Death(သေမင်းတမန်တော်)
အပိုင်း-၁၃အထပ်မြင့်တိုက်ခု၏ အပေါ်ဆုံးအထပ်တွင် chanbaeနှင့် channieတို့ရောက်နေကြသည်။
မိုးမျှော်တိုက်ကြီးလို မြင့်မားလွန်းတာကြောင့် ကောင်ကင်ကြီးနဲ့နီးပြီး တိမ်တွေနဲ့ထိတွေ့နေပြီလို့တောင် ထင်ရသည်။နှစ်ယောက်လုံး ဘေးချင်းကပ်ယှဉ်ပြီး ရပ်နေကြသည်။
chanbae:ဘာကိစ္စရှိလို့ခေါ်တာလဲ။ပြောစရာရှိမြန်မြန်ပြော။မအားဘူး
channie:မင်းဟာလေ ကိုယ့်အစ်ကို ကို ပြောပုံက
chanbae channieဘက်လှည့်ပြီး
chanbae:ပြောစရာမရှိဘူးလား။ဒါဆိုသွားတော့မယ်
channie:ခဏလေးနေပါဦး
အမြန်ပျောက်သွားဖို့ အစီအစဉ်ရှိနေသည့် chanbaeကို channie သူ့ အင်္ကျီဂုတ်ကိုလှမ်းဆွဲလိုက်ပြီး
channie:chanchinဆီပြန်မလာသေးဘူးလား
chanbae:မင်းရှိနေတာပဲကို
channie:ဒါပေမဲ့လည်း သူက မင်းကိုပဲလိုအပ်တာလေ
chanbae:လောလောဆယ်တော့ ပြန်လာဖို့မအားသေးဘူး
channie:ရှောင်ပြေးနေတာလား။သူ့မိဘတွေကိစ္စကြောင့်လေ
chanbae channieဘက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
chanbae:ဘယ်လိုသိတာလဲ
channie:အဲ့နေ့က ဆေးရုံမှာမင်းကိုတွေ့လိုက်တယ်။အစကအမြင်မှားတယ်ထင်နေတာ။ဒါပေမဲ့ ကားဘေးမှာ ရပ်နေတာက တစ်ကယ်မင်းဖြစ်နေတယ်လေ
chanbae:ဝိဥာဉ်က ဝိဥာဉ်လိုနေပါ။တမန်တော်တွေကိစ္စဝင်မပါနဲ့
channieသက်ပြင်းမောတစ်ခုကိုချလိုက်ပြီး
channie:chanchinကအဲ့ကိစ္စကိုစိတ်မဆိုးတာမို့လို့ ပြန်လာခဲ့။သူမင်းကိုမျှော်နေတာ
chanbae:အဲ့တော့…
channie:ဒီကောင်လေး အစ်ကိုကို ပြောပုံက
channie chanbaeခေါင်းကို ရိုက်မလို့ပြင်လိုက်ပေမဲ့ chanbaeက ရှောင်လိုက်ပြီး
chanbae:ဘယ်တုန်းကမှမင်းကငါ့အစ်ကိုမဟုတ်ခဲ့ဘူး။ပြီးတော့ မင်းကိုယ်တိုင်ကကော ငါ့ကိုညီတစ်ယောက်လို့ သတ်မှတ်လို့လား။အခုတောင် ငါ့ကြင်ယာတော်ကို လုဖို့ကြိုးစားနေတာလေ
YOU ARE READING
Death(သေမင်းတမန်တော်)
Fanfictionအရှင်(master)Season-2 *park chanyeolဆိုတဲ့သေမင်းသည်byun baekhyunဆိုတဲ့လူသားတစ်ဦးတည်း၏ကိုယ်ပိုင်သေမင်းတမန်တော်* fanfiction & OC Cover by SuSu602