17(uni)

316 38 1
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၇

chanyeol ခြုံတွေထူထပ်နေပြီဖြစ်တဲ့ လျှောက်လမ်းလေးတစ်ခုကိုလျှောက်လာခဲ့သည်။ဂိုလျောမြို့တော်နှင့် မနီးမဝေးတွင်ရှိနေသည့် နေရာ………

ထိုနေရာတွင် သက်တမ်း၁၅၀၀ကျော်နေပြီဖြစ်တဲ့ သစ်ပင်တစ်ပင်သည် အခုထိရှင်သန်နေတုန်းဖြစ်သည်။ထိုသစ်ပင်ကြောင့် chanyeolရဲ့ ကလေးနှစ်ယောက်ကိုဆုံးရှုံးခဲ့ဖူးသည်။

ထိုသစ်ပင်ခြေရင်းတွင် byunရဲ့သွေးစက်တို့ မြေခခဲ့ဖူးသည်။

ထိုသစ်ပင်သည် byunရဲ့ အရိပ်အောက်တွင် byunရဲ့ အသက် သေမလိုဖြစ်ခဲ့ဖူးသည်။

byunကိုလုပ်ကြံသွားသော လူနှစ်ယောက်ကို chanyelအခုချိန်ထိမသိသေးပေ။မိဖုရားလတ်ခိုင်းလို့လုပ်ခဲ့မှန်းသိပေမဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ကို ရက်ရက်စက်စက်သတ်ပစ်ရန် ကြံရွယ်ခဲ့သည့် ထိုလူနှစ်ယောက်ကို chanyeolမမိသေးတာကြောင့် ထိုသစ်ပင်ကိုပါ ရှင်သန်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

chanyeol ထိုအပင်အားမှီလျက် ထိုင်နေလိုက်ပြီး

park:သမီးလေးတွေသာရှိနေသေးရင် အခုဆို ဘယ်လောက်တောင်လှနေလိုက်မလဲ

chanyeolနာကျင်စွာထပ်မံ၍ပြုံးမိပြန်သည်။

park:မရှိခဲ့တာကလည်းတစ်ခုတော့ကောင်းပါတယ်။chanbaeလို အပြစ်ဒဏ်မသင့်တော့ဘူးပေါ့

~~~~~~~~~

baekhyunအိပ်ယာကနိုးလာတော့ ပခုံးကဒဏ်ရာကနေ နာကျင်မှုမခံစားရတာကြောင့် သေချာကြည့်လိုက်သည်။

ညိုမဲနေသည့် သွားရာကြီးသည် အကွင်းလိုက်ရှိနေသည့်တိုင်အောင် တစ်စက်ကလေးမှ မနာကျင်ခြင်းမှာ chanyeolကြောင့်သာဖြစ်သည်။

byun:ဒါမျိုးကျတော့လည်းchanyeolကတော်သားပဲ

baekhyunအိပ်ယာကနေထပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်သွားသည်။

သွားတိုက်နေတုန်း မှန်ကိုကြည့်မိမှ baekhyunမျက်လုံးပြူးတော့သည်။

ဘယ်ဘက်ပါးတွင် ဓားခုတ်ရာကြီးတစ်ခုက ထင်ရှားစွာရှိနေခဲ့သည်။baekhyunမယုံနိုင်တာကြောင့် သေချာရန် ရေတွေနဲ့ဆေး ဆပ်ပြာတွေနဲ့တိုက်ခဲ့ပေမဲ့ တက်တူးတစ်ခုပမာ မြဲမြံစွာတည်ရှိနေသည်။

Death(သေမင်းတမန်တော်)Место, где живут истории. Откройте их для себя