15(uni)

403 37 0
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၅

chanchinနဲ့ channie ဧည့်ခန်းထဲတွင်ထိုင်ကာ ဖွင့်ထားလျက်ရှိနေသော TVဖန်သားပြင်ကိုကြည့်နေသည်။

'ယနေ့ နေ့လည် ၁၁နာရီခန့်က ဆိုးလ်မြို့အတွင်း အင်အားပြင်းငလျင်လှုပ်ရှားခဲ့ပါတယ်။ထိုငလျင်သည် ဆိုးလ်မြို့လယ်ခေါင်ရှိ ကုန်တိုက်တစ်ခုကို ဗဟိုပြု၏လှုပ်ခတ်သွားသောကြောင့် အထပ်နှစ်ဆယ်ရှိ ကုန်တိုက်မှာ ပြိုကျသွားပြီး အခုချိန်ထိ ရှာဖွေမှုများအရ အသက်ရှင်ကျန်သူမရှိသေးကြောင်း သတင်းရရှိပါသည်။ထပ်ပြီး နစ်မြုပ်နေသူများအား ဆက်လက်ရှာဖွေသွားဦးမည်ဟု တောင်ကိုးရီးယာနိုင်ငံ ရဲတပ်ဖွဲ့မှာ အရာရှိကပြောကြားခဲ့ပါသည်။ထို့အပြင် ထိုနေရာသို့ လုပ်အားပေး ပရဟိတအဖွဲ့များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားသော ပြည်သူပြည်သားများလည်း ဝင်ရောက်ကူညီပေးနေကြောင်း သတင်းရရှိပါတယ်'

chanchin:သူတို့က ငါ့ကြောင့်သေရတာ

chanchinပုံစံသည် အသက်မရှိသူလို အသိစိတ်မဲ့နေပြီး ကြောင်တောင်တောင်ဖြစ်နေသည်။

channie:မဆိုင်ပါဘူး။သူတို့သေချိန်တန်လို့သေတဲ့ဟာကို

chnnchin:ငါသာ အဲ့ကိုမသွားခဲ့ရင် သူတို့သေမှာမဟုတ်ဘူး

channie:ထားလိုက်ပါတော့chanchinရယ် ဖြစ်ပြီးတာက ပြီးသွားပြီလေ

chanchin:ဒါပေမဲ့ ငါ့ကြောင့်နဲ့ လူတွေအများကြီးသေခဲ့ရတာလေဟာ။ဘယ်လိုလုပ်………

chanchin ထိုင်ခုံပေါ်တွက် ဒူးလေးပိုက်ပြီး ငိုနေသည်။channieကသာ chanchinငိုနေတာကို ထူးဆန်းသလိုကြည့်နေသည်။

channie pov:chanchinကဘာလို့ငိုနေတာလဲ

သူ့စိတ်ထဲ လူတွေအများကြီးသေသွားတာထက် ထိုလူတွေအတွက် ဝမ်းနည်းနေသည့် chanchinကိုသာ အံ့သြနေသည်။chanchinသည် ထိုကဲ့သို့လူမျိုးမဟုတ်မှန်းသူခံစားနေရသည်။

ဟိုတလောကတင် သူ့မိခင်က  chanchinသည် သိုးရေချုံထားသော ဝံပုလွေ ဖြစ်ကြောင်း ပြောပြခဲ့သည်။သူ့ရဲ့အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ မလိုက်အောင်ကို အပြုံးတစ်ခုနဲ့ လူတွေကို သတ်နိုင်သည့် ကြင်ယာတော်chanchin၏ ပန်းချီကားချပ်ကို သူမျက်လုံးထဲတွင် မြင်ယောင်နေသည်။

Death(သေမင်းတမန်တော်)Donde viven las historias. Descúbrelo ahora