12(uni)

346 41 1
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၂

channie နဲ့ chanchinတို့ shopping ထွက်ရန် ကုန်တိုက်ကိုရောက်နေကြသည်။

chanchin:ဘယ်သွားနေတာလဲ channie

channie:အချစ်အတွက်ဝယ်ပေးစရာရှိလို့

channie:ဘာဝယ်ပေးမလို့လဲ

channie:လာခဲ့စမ်းပါ

channie chanchinလက်ကိုဆွဲပြီး အင်္ကျီဆိုင်ထဲသို့ဝင်သွားသည်။ထို့နောက် တစ်ထည်ယူပြီး chanchinကိုယ်တွင်ကပ်ကြည့်လိုက်။ဝတ်ခိုင်းလိုက်နဲ့ channieတစ်ယောက် အလုပ်တွေများနေသည်။

chanchin:channie yaပြန်ရအောင်ကွာ။ဒီမှာက အရမ်းဈေးကြီးလွန်းတယ်

chanchin သူ့ကိုယ်တွင် အဖြူရောင်ဆွယ်တာတစ်ထည်ကို ကပ်ကာ လိုက်မလိုက်ကြည့်နေသော channieကို အသံတိုးတိုးနဲ့ပြောလိုက်သည်။

channie:ကော်ဖီရောင်လေးကပိုလိုက်တယ်ထင်တယ်

channieသည် chanchinပြောသောစကားကို လုံးဝအဖက်မလုပ်။

channie:အဝါရောင်လေးလည်းလှတယ်။ရောင်စုံယူမလား

channie နောက်ထပ် ပိန်းဥရောင်လေးတစ်ထည်ကို ထပ်ကပ်ပြီးကြည့်နေပြန်သည်။ဘေးနားကတောက်လျှောက်လိုက်နေသော အရောင်းဝန်ထမ်းသုံးယောက်၏ လက်ထဲမှာလည်း ရောင်စုံအင်္ကျီများ၊long coatများဖြင့် ပြည့်နေပြီ။

chanchin:channie

chanchinအံကြိတ်သံလေးဖြင့်သတ်ပေးလိုက်သည်။ဒါကို ကိုယ်တော်က သူကိုင်ထားသည့် အနီရောင်ကိုမကြိုက်ဘူးဟုထင်ကာ

channie:အနီရောင်မကြိုက်ဘူးလား။စောစောကတည်းကပြောပေါ့ အချစ်ရယ်

ထို့နောက် အနီရောင် သိုးမွှေးဝတ်ရုံကြီးကို ပြန်လိုက်ပြီး

channie:ဒီက အနီရောင်တွေကိုဖယ်ပြီး အပြာနုရောင်နဲ့ အစားထိုးလိုက်

'ဟုတ်ကဲ့'

channie သူ့ရဲ့ရွှေတွေရောင်းရငွေနဲ ရှယ်ယာတွေဝယ်ထားလိုက်တဲ့အပြင် တော်တော်များများကိုလည်း ဘဏ်accထဲတွင်သိမ်းထားတာကြောင့် black cardနှင့် သူဌေးကြီးဖြစ်နေသည်။

အားလုံးရှင်းပြီးတော့ channie ကအထုပ်တေကို အဲ့ဆိုင်မှာပဲ ထားခဲ့လိုက်ပြီး deliနဲ့ လာပို့ခိုင်းလိုက်သည်။သူတို့ကတော့ နောက်ထပ်တစ်ဆိုင်ကိုပြောင်းပြန်သည်။

Death(သေမင်းတမန်တော်)Onde histórias criam vida. Descubra agora