final&ကျေးဇူးတင်လွှာ

4.4K 368 42
                                    

ကျေးဇူးတင်လွှာ

အရင်ဆုံးရေးလိုက်မိလို့ တောင်းပန်ပါတယ်နော်။နောက်မှဆို မဖတ်ကြမှစိုးလို့ပါ။

အမှန်အတိုင်းပြောရရင် death ကိုရေးဖို့က အချိန်တွေအရမ်းယူရပါတယ်။ဘာလို့လဲဆိုတော့ ကျနော် idol life ကိုမပိုင်လို့ပါ။ဘာရေးရမလဲ မသိတာနဲ့ပဲ မရေးဖြစ်တော့တာပါ။ထပ်ပြီး အနုပညာလောကတွေနဲ့ပက်သက်တဲ့အကြောင်းတွေဆော့ ရေးဖြစ်တော့မယ်မထင်ဘူး။တစ်ကယ်လုံးဝနားမလည်လို့ပါ။အတွေ့အကြုံမရှိတော့ပိုဆိုးတယ်။သူများရေးပြီးသားရေးရင်လည်းကူးချတယ်ဖြစ်မှာစိုးလို့ အဆင်ပြေသလိုပဲရေးလိုက်ရတာ။လိုအပ်ချက်တွေအများကြီးရှိသွားလို့ တောင်းပန်ပါတယ်။

ထပ်ပြီးပြောချင်တာက S3 ရှိတယ်ပေါ့နော်။အမှန်တော့ death ရဲ့ ကျန်တဲ့တစ်ဝက်ပါ။ဒီကြောင်းအရာတွေကိုပဲ တစ်နှစ်ကျော်လောက်ရေးနေရတော့ ငြီးငွေ့လာလို့ တစ်ဝက်ပဲရေးပြီး ကျန်တစ်ဝက်ကို နောက်မှ ရေးမှာပါ။S3 မှာပါမဲ့အကြောင်းအရာတစ်ချို့ကို death မှာဖေါ်ပြပြီးပါပြီ။'The Throne'ပြီးမှ ပြန်ပြီးရေးဖြစ်ဖို့များပါတယ်။တစ်ခုဆို တစ်ခုပဲအာရုံစိုက်လို့ရလို့ပါ။S3 ကတော့ 'အရှင်' နဲ့ကော death နဲ့ကော တူမှာတော့မဟုတ်လောက်ဘူးထင်တယ်။အဲ့လိုတော့တွေးထားတာပဲ။မရေးရသေးတော့ မသိသေးဘူးပေါ့နော်။

ကျနော့်ရဲ့ ဒီမကောင်းမကန်းfic လေးကို အပြီးထိဖတ်ပေးတဲ့သူတွေကော update လာတောင်းကြတဲ့သူတွေကော အရမ်းကျေးဇူးတင်ပါတယ်။ဖတ်ရှုခဲ့တဲ့သူတွေ၊ နှစ်သက်လို့ vote ပေးခဲ့သူတွေ၊ comment ပေးပြီး စီးမျောပေးခဲ့တဲ့သူတွေလည်း ထပ်ပြီးကျေးဇူးတင်ပါတယ်။

တခြားသူတွေတော့မသိပေမဲ့ ကျနော်ကတော့ ကိုယ့်ကိုကိုယ် ချီးကျူးမိတာတော့ရှိတယ်။အဲ့ဒါက အခုထိ အဆုံးသတ်ကို ဘယ်သူမှရိပ်မမိကြတာပဲ။ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ဇာတ်ကွက်ကို မြှုပ်ထားနိုင်တယ်ပေါ့နော်။ဒါလေးတော့အားရတယ်။ကိုယ်တိုင်လည်း ဘာရေးနေမိမှန်းမသိတော့လို့။

အပိုင်းတစ်ပိုင်းစီက ဆက်စပ်မှုမရှိဘူး။သူအရှိန်နဲ့သူသွားနေတော့ အပိုင်းစလေးတွေလိုက်ကောက်နေရသလိုပဲ။ဘာဆက်ဖြစ်မလဲ လဲ မသိဘူး။တစ်ခါတစ်လေ ဘာရေးရမလဲဆောင်မသိတော့ဘူး။ပြန်ဖတ်ကြည့်ရင်လည်း ငါ ဒါပြီးရင် ဘာရေးရမှာလဲ မသိဘူး ဆိုတာပဲဖြစ်နေတာ။ဖတ်တဲ့သူဆို ပိုဆိုးမှာပေါ့။ဘာရေးထားမှန်းမသိတဲ့ ဟာတွေကို သည်းခံပြီး ဖတ်ပေးခဲ့လို့ ပိုပြီးကျေးဇူးတင်ပါတယ်။တစ်ယောက်ပဲဖတ်ရင်တောင် အဲ့တစ်ယောက်အတွက် အဆုံးသတ်ထိရေးပေးသွားမယ်လို့ အားတင်းပြီး viewer မကြည့်ခဲ့တာ အခုချိန်ထိပါ။vote တွေ comment တွေလိုချင်ပေမဲ့ မတောင်းခဲ့ပါဘူး။ကိုယ်ရေးထားတဲ့အခြေအနေ ကိုယ်ပဲသိလို့ပါ။ပေးရင်တော့ ပျော်တာပေါ့။

Death(သေမင်းတမန်တော်)Where stories live. Discover now