9(uni)

344 39 0
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၉

chanyeolကြောင့်ရသွားတဲ့ ဒဏ်ရာကို channie အစွမ်းကုန်ကုပေးနေသည်။နဲနဲလေးတောင်မညာတာတဲ့ chanyeolရဲ့စိတ်ကြောင့် chanchinရသောဒဏ်ရာမှာလည်း မသေးပေ။

channieသူ့စွမ်းအားတွေအကုန်သုံးပြီး chanchinကိုကုပေးလိုက်သည်။chanchinဒဏ်ရာပျောက်သွားချိန်တွင်တော့ channieလည်း အားကုန်သွားကာ မျက်နှာကချက်ချင်းဖြူဖျော့သွားသည်။သူ့စွမ်းအားတွေပြန်ပြည့်လာချိန်အထိ သူအနားယူမှရမည်။

channie:ခဏလေးပဲ……ပြီးရင်မင်းကိုဆေးရုံပို့ပေးမယ်

channieပြောပြီး ကုတင်ပေါ်ခေါင်းလေးတင်ကာ အိပ်ပျော်သွားသည်။channieအိပ်ပျော်သွားတော့မှ chanchinမှိတ်ထားသောမျက်လုံးတို့ကို ဖွင့်လိုက်သည်။သူ့ကိုကုရန်အတွက် channieစွမ်းအားတွေအများကြီးသုံးလိုက်မှန်း သူသိသည်။ထို့အတွက် ကျေးဇူးတင်ပေမဲ့ channieကို အဲ့လိုမလုပ်စေချင်ဘူး။သူ့ကိုဘာမှမပေးနိုင်တဲ့ လူတစ်ယောက်ကိုချစ်နေရတာက channieအတွက်အရမ်းကိုပင်ပန်းစေမှာ။chanchin၏နှလုံးသားသည် အစကတည်းကပိုင်ရှင်ရှိနှင့်ပြီးသားဖြစ်နေတာကြောင့် ဘယ်အချိန်ရောက်ရောက်နာကျင်ရမည့်သူသည် channieတစ်ဦးတည်းသာရှိသည်။

chanchin:တောင်းပန်ပါတယ်channie

chanchin channieမျက်နှာကိုသေချာကြည့်ရင်းပြောလိုက်သည်။မီးမှိတ်ထာသောအခန်းဖြစ်တာကြောင့် channieမျက်နှာကို မှုန်ဝါးဝါးသာတွေ့ရသည်။

မကြာခင်မှာပဲ chanchinလည်းအိပ်ပျော်သွားသည်။

~~~~~~~~~~

channieအိပ်ယာကနိုးလာတော့ မိုးလင်းနေပြီ။ပိတ်ထားလျက်ရှိသော မှန်တံခါးအကြည်လေးက လိုက်ကာမချထားတာကြောင့် အလင်းရောင်တွေက အရှိန်အဟုန်ဖြင့်တိုးဝင်နေသည်။နေရောင်ကြောင့် မြေပြင်ကျနေသော တံခါးဘောင်၏အရိပ်သည် ကျွန်းရောင်ပါကေးပေါ်တွင် ထင်းနေသည်။စောင်ပုံထဲမှ chanchinကတော့ အခုချိန်ထိမနိုးသေးပေ။

channie:chanchin……chanchinထဦးလေ……chanchin

အသံပေးပြီးနိုးတာတောင် မနိုးတာကြောင့် channie chanchinရဲ့ပါးလေးကိုပုတ်နှိုးလိုက်သည်။သိ့ု့သော် ပူကျစ်နေတဲ့အပူရှိန်ကြောင့် ညကသူဆေးရုံမပို့လိုက်ရတာကို သတိရသွားပြီး

Death(သေမင်းတမန်တော်)Where stories live. Discover now