Death(သေမင်းတမန်တော်)
အပိုင်း-၂၀chanyeol , baekhyun, chanbae,chanchinနဲ့ channieတို့တွေဝိုင်းပြီးထိုင်နေကြသည်။ဟန်ယန်းကိုအမြန်ဆုံးပြန်ရောက်နိုင်မဲ့ လမ်းကို ဝိုင်းပြီးစဉ်းစားနေကြသည်။baekhyunကတော့ သွားရာလမ်းလိုက်ရမည့်သူဖြစ်တာကြောင့် chanyeolတို့ပြောတာကိုပဲ မျက်လုံးလေးကလည်ကလည်နဲ့ ကြည့်နေသည်။
chanchinရဲ့မှတ်ဥာဏ်တွေကို chanbaeကပြန်ဖွင့်ပေးထားတာကြောင့် သူ့မှတ်ဥာဏ်တွေက အိမ်ရှေ့စံကြင်ယာတော်မှတ်ဥာဏ်တွေအဖြစ်ရှိနေသည်။
park:စကားဝှက်ကဘာလဲ
chanbae:ပြဿနာရဲ့အစကိုဖြေရှင်းနိုင်ရင် ပြန်ထွက်လို့ရပြီတဲ့
park:ဒါဆိုရောဂါစဖြစ်တဲ့နေရာကဟန်ယန်းဆိုတော့ အဲ့ကိုပဲသွားရမှာပေါ့
channie:အဲ့ကိုသွားဖို့ဆိုရင် ပိတ်ထားတဲ့တံခါးတွေကျော်ဖြတ်နိုင်မှရမှာ
park:ဘယ်လမ်းကသွားရင် ဟန်ယန်းကိုအမြန်ဆုံးရောက်နိုင်မလဲ
chanchin:လောလောဆယ်ပိတ်ထားတဲ့နေရာတွေက ဂုန်ဆန်းထွက်ပေါက်တွေအားလုံးဆိုတော့……နည်းနည်းတော့ခက်လိမ့်မယ်မင်းကြီး
park:ရေလမ်းကသွားရင်ကော
chanchin:ဒါကနည်းလမ်းကောင်းဆိုပေမဲ့………
chanchin channieကိုကြည့်လိုက်ပြီး
chanchin:ဂျိုဆွန်းပြည်သူတွေဝင်ပူးထားတဲ့ဖုတ်ကောင်တွေကတော့ ရေကူးနိုင်မယ်ထင်တယ်
chanchin channieကိုကြည့်သောအကြည့်များတွင် မုန်းတီးမှုတွေပါနေသည်။channieကတော့ chanchinကို ခပ်ပြုံးပြုံးသာကြည့်နေသည်။
chanbae:ကုန်းလမ်းကသွားရင်တော့ အဲ့ထက်ပိုဆိုးမှာ။ဝိဥာဉ်တွေကော ဖုတ်ကောင်တွေကောကိုရင်ဆိုင်ရမှာ
park:အရေးကြီးတာကbyunပဲ။သူတို့ကbyunကိုပဲပြစ်မှတ်ထားတာ
chanyeol baekhyunကိုလှည့်ကြည့်လိုက်ပြီး
park:byunမပါဘဲနဲ့ ဘယ်သူမှပြန်ထွက်လို့ရမှာမဟုတ်ဘူး။ပြီးတော့ byunကထပ်ပြီးရောဂါကူးစက်ခံရလို့မဖြစ်ဘူး။သေမင်းတမန်ဓားကတစ်ကြိမ်ပဲကယ်နိုင်မှာ
YOU ARE READING
Death(သေမင်းတမန်တော်)
Fanfictionအရှင်(master)Season-2 *park chanyeolဆိုတဲ့သေမင်းသည်byun baekhyunဆိုတဲ့လူသားတစ်ဦးတည်း၏ကိုယ်ပိုင်သေမင်းတမန်တော်* fanfiction & OC Cover by SuSu602