10(uni)

370 40 0
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၀

chanbae chanchinရဲ့အဖေနဲ့အမေကို ငရဲမင်းတွေဆီအဆင့်ဆင့်ခေါ်သွားသည်။နှစ်ယောက်လုံးက အပြစ်ကင်းသူများဖြစ်သည့်အပြင် ကောင်းမှုပြည့်ဝသူတွေဖြစ်တာကြောင့် နတ်ပြည်တက်ခွင့်ရခဲ့သည်။

park:မင်းတို့ကျနတ်ပြည်ရောက်ပြီး ငါ့သားကျတော့သေမင်းဖြစ်နေတာ သိပ်တော့မတရားသလိုပဲ

chanbae:ခမည်းတော်

'အရှင်မင်းကြီး'

နှစ်ယောက်လုံး chanyeolကို ဦးညွှတ်ကာဂါဝရပြုကြသည်။chanyeol၏ ဝတ်စုံသည် သေမင်းဝတ်စုံအနက်ရောင်မဟုတ်ခဲ့ပေ။သူ့ရဲ့ ဂိုလျောမင်းကြီးဝတ်ဆင်သည့် ရွှေချည်ထိုးဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။

chanyeol၏အခုလိုဝတ်စားထားမှုသည် အပြစ်ကြွေးဆပ်နေရသည့် အချိန်တွင် ဒီတစ်ကြိမ်သာရှိသေးသည်။သူ့ရဲ့ အခုလိုဝတ်စားထားမှုကြောင့် နောက်ဆုံးဖြတ်ရမည့်တံခါးပေါက်ရှိ ငရဲမင်းကြီး၏ရာထူးသည် အလိုလျောက်လျှောကျသွားသည်။

''မင်းကြီး''

ငရဲမင်း မင်းကြီးparkကိုဂါဝရပြုလိုက်သည်။အခုအချိန်တွင် သူသည် EXOအဖွဲ့မှ အဖွဲ့ဝင်chanyeolမဟုတ်တော့ဘဲ ဂိုလျောမင်းကြီးpark ဖြစ်သည်။

park:ခုနကပြောခဲ့တဲ့ သူတို့ကအပြစ်ကင်းသူတွေဆိုတာမဟုတ်ဘူး

မင်းကြီးparkစကားကြောင့် chanbaeမျက်နှာပျက်သွားသည်။သူဒါတွေကိုသိနေလို့ တမင်မင်းကြီးparkကိုရှောင်ပြီး chanchinမိဘတွေကို နတ်ပြည်မြန်မြန်ရောက်အောင် ကူညီပေးနေတာ။ဒါပေမဲ့ အဖေကအဖေပဲလေ။သားရဲ့ခြေလှမ်းတွေကိုသိနေခဲ့သည့် မင်းကြီးparkက ဖျက်စီးခဲ့သည်။

park:သူ့တို့ကြောင့် တိုင်းပြည်တစ်ပြည်လုံးသေခဲ့ဖူးတယ်။ပြီးတော့ အဲ့လိုဖြစ်အောင်လုပ်ခဲ့တာက chanbae။အဲ့လိုဖြစ်အောင်ခိုင်းခဲ့တာက chanchin။ခိုင်းရတဲ့ရည်ရွယ်ချက်က………သူတို့နှစ်ယောက်ကြောင့်ပဲ

မင်းကြီးpark ငရဲမင်းတွေသုံးသော မှော်ကြေးမှုံကိုဖွင့်လိုက်သည်။ထိုထဲတွင် သေဆုံးနေကြသောအပြစ်မဲ့ပြည်သူတွေသည် အတုံးအရုန်းလဲနေကြသည်။

Death(သေမင်းတမန်တော်)Donde viven las historias. Descúbrelo ahora