Death(သေမင်းတမန်တော်)
အပိုင်း-၇chanyeolလေယာဉ်ဆိုက်တာနဲ့ အိမ်ကိုသာတန်းပြီးပြန်လာခဲ့သည်။နဲနဲတော့နောက်ကျနေပြီဖြစ်ပေမဲ့ suhoကတော့အိပ်ဦးမည့်ပုံမပေါ်ပေ။ဖုန်းကြိုဆက်ထားတာကြောင့် မရောက်မချင်းစောင့်နေမှာကြိမ်းသေဖြစ်သည်။
ထင်သည့်အတိုင်းပင် အိမ်ရောက်တော့ suhoက တံခါးလာဖွင့်ပေးသည်။
park:sorry hyung...ကားတွေပိတ်နေလို့နဲနဲနောက်ကျသွားတယ်
suho:ရတယ်။ငါလည်းသီချင်းကျက်နေတာနဲ့ အချိန်တွေကုန်သွားတာတောင်မသိလိုက်ဘူး
park:သီချင်းတွေစာသားတွေကရပြီလား
suho:ဟုတ်တယ်။ရနေပြီ။နောက်လရောက်ရင်အကလေ့ကျင့်ရမယ်တဲ့။albumထွက်ဖို့ကလိုသေးပေမဲ့ကြိုပြီးလေ့ကျင့်ထားတဲ့
park:နားလည်ပြီhyung.........ဒါနဲ့ တခြားသူတွေကော
suho:အိပ်နေပြီ
park:သြော်
suho:မင်းကိုပြောစရာရှိတယ်chanyeol
park:ပြောလေhyung
suho:အခုတလောbaekhyunခြေလှမ်းတွေပျက်နေတယ်
suhoစကားကိုchanyeolတည်တည်ငြိမ်ငြိမ်ပဲပြန်တုန့်ပြန်လိုက်သည်။
park:သိတယ်hyung
suho:မင်းကစိတ်လက်တစ်ဆစ်နဲ့...ရန်ဖြစ်ကုန်မှာစိုးလို့ကြိုပြောထားတာ
park:ရတယ်hyung။ကိစ္စမရှိဘူး
suho:အေးပါ။အဲ့ဒါဆိုလည်းပြီးရော
park:ဒါဆိုကျွန်တော်သွားနားတော့မယ်
suho:အေး
chanyeol သူ့အခန်းထဲဝင်လာသည်။အခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရသည်က အိပ်ပျော်နေတဲ့baekhyunကိုယ်ပေါ်မှာ ဝဲပျံနေတဲ့ ခရမ်းရောင်အငွေ့တွေ။
chanbae:ခမည်းတော်
park:အဆင်ပြေရဲ့လား
chanyeol chanbaeကို ရှေးဟောင်းနန်းတွင်းတစ်ခုထဲ ခေါ်သွားလိုက်သည်။
chanbae:pa......paလေ......
chanbaeပြောပြီးငိုတော့သည်။အပြစ်ဒဏ်ရဲ့အပူရှိကြောင့် ကျဆင်းလာတဲ့မျက်ရည်တို့သည် မီးစလေးတွေအဖြစ်ပြောင်းသွားသည်။မျက်လုံးအိမ်ရှိမီးတောက်သည် အရှိန်ပြင်းစွာတောက်လောင်နေဆဲဖြစ်သည်။
STAI LEGGENDO
Death(သေမင်းတမန်တော်)
Fanfictionအရှင်(master)Season-2 *park chanyeolဆိုတဲ့သေမင်းသည်byun baekhyunဆိုတဲ့လူသားတစ်ဦးတည်း၏ကိုယ်ပိုင်သေမင်းတမန်တော်* fanfiction & OC Cover by SuSu602