Death(သေမင်းတမန်တော်)
အပိုင်း-၁၁EXO အဖွဲ့ဝင်တစ်ဦးဖြစ်သည့် kai ၏dating news
online၊TVသတင်းများနှင့် သတင်းစာအမြောက်အမြား၏ ခေါင်းကြီးသတင်းအဖြစ် ဖေါ်ပြခံရသော သတင်းတစ်ပုဒ်ကြောင့် EXOအဖွဲ့၏ ဒီရက်ပိုင်းလှုပ်ရှားမှုများအားလုံးကို ရပ်နားလိုက်ရသည်။
baekhyun၏ moon lover series အတွက် fan meetingလည်း ထိုကိစ္စကြောင့် ပျက်သွားသည်။
DOကတော့ ခပ်ကြီးကြီးခေါင်းစဉ်ဖြင့် ရေးထားသော dating newsကို အသိစိတ်လွတ်နေသော လူတစ်ယောက်ပမာ ခပ်တွေတွေလေးကြည့်နေသည်။သူ့ရှေ့တွင်တော့ chanyeolနဲ့ baekhyunအပြင် suhoတို့ပါရှိနေသည်။တရုတ်ရောက်နေသည့် Layပါ ချက်ချင်းပြန်လာရတာကြောင့် Luhanနဲ့သွားပြီး ချိန်းတွေ့ခဲ့သည့် sehunကိုယ်တိုင်လည်း ပြန်ပါလာသည်။
kaiကတော့ စိတ်ရှုပ်နေသည့်ပုံဖြင့် DOဘေးနားတွင်ထိုင်နေသည်။
park:ဘယ်လိုဖြစ်တာလဲkai
kai:ယောကျာ်းလေးတစ်ယောက်ကရီးစားထားတာထူးဆန်းလို့လား
kai သူ့ဆံပင်တွေကိုထိုးဖွလိုက်သည်။အရမ်းမရှည်သေးပေမဲ့ အထိုက်အလျောက်ရှိနေသော ကာကီရောက်ဆံပင်တွေက ထိုးထိုးထောင်ထောင်ဖြစ်သွားသည်။
byun:ဒါပေမဲ့……DOကကော
kai:hyungကhyungလေ။အဲ့ကောင်မလေးကအဲ့ကောင်မလေးလေ။တူလို့လား
suho:မင်းDOကိုချစ်ရင် အဲ့ကောင်မလေးနဲ့ကတွဲစရာမှမလိုတာ
kai:ဒါကတော့မတတ်နိုင်ဘူး။ကျွန်တော်ကိုယ်တိုင် ယောကျာ်းလေးချင်းချစ်နေပါတယ်လို့ publicမချပြနိုင်မချင်း ဒီလိုပဲတွဲနေမှာပဲ
DO:ဒါနဲ့ဆို 25ယောက်မြောက်။မင်းအသက်ထက် ရီးစားတွေကပိုများနေပြီ
kai:coverပဲကို…ခဏပဲလေ။မကြာခင် broken newsအဖြစ်ပြောင်းသွားမှာလေ
DO:ဒါဆို အခုကကော?မင်းငါ့ကိုဘာထင်နေလဲ
kai:လောလောဆယ်တော့silentပေါ့
byun:မင်း!!
park:byun
ထထိုးဖို့ပြင်နေသည့် baekhyunကို chanyeol တားလိုက်သည်။kaiရဲ့ဒီလိုဖြစ်သွားခြင်းအကြောင်းအရင်းကို သူသိတာမို့လို့ အပြစ်မပြောပေ။

أنت تقرأ
Death(သေမင်းတမန်တော်)
أدب الهواةအရှင်(master)Season-2 *park chanyeolဆိုတဲ့သေမင်းသည်byun baekhyunဆိုတဲ့လူသားတစ်ဦးတည်း၏ကိုယ်ပိုင်သေမင်းတမန်တော်* fanfiction & OC Cover by SuSu602