Death(သေမင်းတမန်တော်)
အပိုင်း-၂၇ဆေးလိပ်တစ်လိပ်မှ အစပြုသည့်ဇာတ်လမ်းသည် အရမ်းကြီးမားသွားမည်မှန်း baekhyun မသိခဲ့။
အခုတော့ ထိုအမှားကို ပြန်ပြင်လို့မရတော့ပေ။
သူပင်ပန်းတိုင်း honey က baekhyun ကိုဆေးလိပ်တစ်လိပ်ပေးသည်။အဖြူရောင် ဆေးလိပ်လေးတစ်လိပ်သည် သူ့ရဲ့ ပင်ပန်းမှုတွေအားလုံးကို စုပ်ယူသွားသည်။ကိုယ့်ကိုမုန်းတဲ့သူတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိလာသည်။chanyeol ချုပ်ချယ်တိုင်း သူ့အနားကနေ ထွက်သွားစေဖို့ စေခိုင်းလာတတ်သည်။
သို့နှင့် baekhyun နဲ့ chanyeol တို့ထပ်ပြီး စကားများကြသည်တွင် ဒီတစ်ကြိမ်မှာတော့ အဆိုးဆုံးလို့ပြောရမည်။
သူ့ကို ဆန့်ကျင်လာသော baekhyun ကို chanyeolလည်းထိန်းလို့မရပေ။တားဆီးနေသည်ကြားက ထပ်ပြီး honey ဆိုသည့် မိန်းမကို ချစ်သွားပြန်သည်။အရင်ဘဝတွေကလည်း baekhyun ရဲ့ ထိုမိန်းမအပေါ်သည်းသည်းလှုပ်ချစ်ခဲ့မှုကြောင့် chanyeol စိတ်မထိန်းနိုင်ဘဲ သတ်မိသည်မှာ အကြိမ်ကြိမ်အခါခါ။ဒီတစ်ကြိမ်တွင်တော့ chanyeol ဗျူဟာပြောင်းခဲ့သလို သူတို့လည်း ပြန်ပြီး ဗျူဟာပြောင်းခဲ့သည်။
park:မင်းပြောနေတာ အမှန်ပဲလား byun
byun:ဟုတ်တယ် chanyeol။ငါ မင်းကို မချစ်ခဲ့ဘူး။ငါတစ်ကယ်ချစ်တဲ့သူကို အခုမှတွေ့တာ
park:ဟာ……
chanyeol ခေါင်းကိုမော့ကာ ဆံပင်တွေ လှန်တင်လိုက်သည်။
park:honeyလား
chanyeolအမေးကို baekhyun ခေါင်းငြိမ့်ပြီးဖြေသည်။
park:ကိုယ့်ကိုမချစ်တာသေချာလား
byun:သေချာတယ်
baekhyun chanyeolမျက်လုံးကိုကြည့်ပြီး ဖြေလာသည်မှာ လိမ်ညာမှုလုံးဝမရှိ။
park:အခု ဒီအထုပ်တွေက?
byun:honeyဆီမှာသွားနေမလို့
park:companyက ခွင့်ပြုမှာမဟုတ်ဘူး
byun:ဒီလကုန်ရင် စာချုပ်သက်တမ်းပြည့်သွားပြီလေ
park:ဆိုလိုတာက ထွက်သွားတော့မယ်ပေါ့။အဲ့မိန်းမကြောင့်လေ
ВЫ ЧИТАЕТЕ
Death(သေမင်းတမန်တော်)
Фанфикအရှင်(master)Season-2 *park chanyeolဆိုတဲ့သေမင်းသည်byun baekhyunဆိုတဲ့လူသားတစ်ဦးတည်း၏ကိုယ်ပိုင်သေမင်းတမန်တော်* fanfiction & OC Cover by SuSu602