part18♡

1.1K 147 12
                                    

မ​နေ့ကperthအမူးလွန်​ပြီးရုံးမတက်​တာကိုစိတ်​ပူ​နေတဲ့saint...

~သူအဆင်​မှ​ပြေရဲ့လား။တော်​​တော်​မူးသွားလို့ထင်​တယ်​။အဲ့​နေ့ကဘယ်​သူလိုက်​ပို့တာများလဲ။ဟို၁​ယောက်​​တော့မဟုတ်​​လောက်​ပါဘူး​နော်​...

ဟုတ်​ရင်​​ကော...ဟုတ်​ရင်​ဘယ်​လိုဖြစ်​မှာလဲ...။
မဟုတ်​​လောက်​ပါဘူး...။
Saintသက်​ပြင်း​တွေသာလှိမ့်​ချ​နေရတယ်​။

"သူဘာလို့ငါ့ကိုမုန်းတာလဲ..?"

"ဟာ...လာပြီ။"

ပြတင်း​ပေါက်​က​နေ​​အောက်​လှမ်းကြည့်​​တော့ကုမ္ပဏီထဲဝင်သွားတယ်​​။

(Perthကကုမ္ပဏီအသစ်​ရဲ့သူ​ဌေးပါ။ဌာနခြင်းမတူဘူးဆိုတာအဲ့ဒါကို​ပြောတာ။ကုမ္ပဏီက​ဘေးခြင်းကပ်​​လေ။)

"​ခြေလှမ်း​တွေကအားမရှိတဲ့ပုံပဲ​နေ​ကော​ကောင်းရဲ့လား.."

ကျွန်​​တော်​သိလိုက်​ရတာကကျွန်​​တော့်​ဘဝမှာသူမရှိရင်​မ​နေနိုင်​ဘူး။ရယ်​ရတယ်​မလား။ကိုယ့်​ကိုအနားမှာမရှိ​စေချင်​တဲ့သူကိုအတင်းလိုက်​ကပ်​​နေချင်​တာ။ကိုယ့်​ပုံစံကို​တောင်​စိတ်​ပျက်​မိတယ်​။

~ချစ်​​တော့လည်းအဲ့လိုလုပ်​ဖို့ဆုံးဖြတ်​ချက်​ချလိုက်​တယ်​။ရည်​ရွယ်​ချက်​က​တော့ကျွန်​​တော့်​အချစ်​​တွေကိုမြင်​​စေဖို့....။သူထင်​ထားတာထက်​ချစ်​တယ်​ဆိုတာသိ​စေဖို့...။ကျွန်​​တော့်​နှလုံးသားကသူ့တစ်​​ယောက်​တည်းအတွက်​ဆိုတာနားလည်​​စေဖို့....။

------------------

သူ့ကိုယ်​သူအမှတ်​မရှိဘူးဟုထင်​​နေတဲ့saintကထုံးစံအတိုင်းကုမ္ပဏီ​ရှေ့မှာ​စောင့်​​နေတယ်​...

"ချစ်​​နေတုန်းပဲ။မချစ်​​တော့ဘူး။ချစ်​​နေတုန်းပဲ။မချစ်​​တော့ဘူး။"

မဲနက်​​နေတဲ့​ကောင်းကင်​​ပေါ်ကအဆုံးမရှိကြယ်​​တွေကိုတွက်​ချက်​​နေရင်းအဆုံးရှိခဲ့သည်​ရှိ​သော်​'ချစ်​​နေတုန်းပဲ'ဖြင့်​သာအဆုံးသတ်​​စေချင်​တာ .....

"အဆိုးဆုံး​တွေးထားရမယ်​....ငါခံနိုင်​ပါ့မလား...သူအဲ့​လောက်​မရက်​စက်​ပါဘူး..​ပြောလို့မရဘူး​လေ...."

In My Heart(ရင်​ထဲမှ)[Complete ]Where stories live. Discover now