part20♡

1.2K 136 9
                                    

အချစ်​ဆိုတာမျိုးကအံ့သြဖို့​ကောင်းလွန်းသည်​ထက်​ကိုပို​နေပါတယ်
လူကိုယ်​တိုင်​ကသတိရတာမဟုတ်​​တောင်​နှလုံးသားက​တောင့်​တ​နေတာမျိုး...
ကိုယ်​အဆင်​မ​ပြေတဲ့အချိန်​မှာသူဆိုရင်​​ကောအဆင်​​ပြေပါ့မလားလို့တာauto​တွေး​နေတာမျိုး...

တစ်​ခါတ​လေစဉ်းစားမိတယ်​ကျွန်​​တော်​ခန္ဓာကိုယ်​မှာရှိတဲ့စိတ်​နဲ့နှလုံးသားကကျွန်​​တော့်​မှာရှိ​ပေမဲ့ဘာ​ကြောင့်​များသူဆီပဲ​ရောက်​ပြီးသူ့အပိုင်​ဖြစ်​​နေတာလဲ?

သူ​ငွေနဲ့များ​ပေးဝယ်​ထားလို့လား..?
ဒါမှမဟုတ်​ ကျွန်​​တော်​မသိတဲ့အချိန်​မှာခိုးသွားတာလား..?

~~~~~~~~~~~

မင်္ဂလာ​ဆောင်​ဖို့အလှပြင်​တဲ့ခုံအ​ရှေ့​ရောက်​​နေတာ​တောင်​စိတ်​နဲ့ကိုယ်​နဲ့မကပ်​​သေးဘူး။
စိတ်​က​တော့ချင်းမိုင်​ကကျန်​ခဲ့တဲ့တစ်​​ယောက်​ဆီမှာ...

မှန်​ထဲကကိုယ့်​ပုံကိုကြည့်​ရင်း​တွေးမိတာက
P'saintနဲ့သာဆိုရင်​....

ဒီအချိန်​​တောင်​​ရောက်​​နေပြီဆို​တော့လက်​​လျှော့ဖို့ကလွဲလို့လုပ်​စရာမရှိ​တော့...

အ​မေ့ကိုဖုန်းဆက်​ဖို့ဖုန်းရဲ့lock screenကိုဖွင့်​လိုက်​​တော့home screenမှာ​နေရာယူထားတဲ့သူ့ရဲ့တစ်​ဦးတည်း​သောလူသားရဲ့အပြုံး....

တစ်​ဆက်​တည်းမှာပဲ​အောင့်​တက်​သွားတဲ့နှလုံးသား​ကြောင့်​ဝဲတက်​လာတဲ့မျက်​ရည်​​တွေ...

အဲ့အပြုံးကိုမြင်​ရင်
တစ်​ချိန်​ကအရာရာကို​ကျော်​ဖြတ်​နိုင်​ဖို့,တစ်​​နေ့တာကိုခွန်​အားဖြစ်​​စေဖို့,သူ့အပြုံးကကိုယ့်​ကိုပါပြုံးနိုင်​​စေဖို့စွမ်းအား​တွေရှိခဲ့တယ်​...။

ဒါ​ပေမဲ့အခု​တော့အဲ့အပြုံးကကျွန်​​တော့်​နှလုံးသားကနာကျင်​လာလို့မျက်​ရည်​​တွေဝဲတက်​လာတဲ့အထိပင်​..
နှလုံးသားနဲ့မျက်​လုံးကဆက်​စပ်​​နေသည်​များလား?

အ​မေရိုက်​လို့​တောင်​မငိုတဲ့ကျွန်​​တော်​ကဒီနှလုံးသား​လေးနာကျင်​တာနဲ့ငိုချင်​​နေသလို..
သူ​ကောအခုနာကျင်​​နေမည်​လား..?
~pရဲ့အပြုံးကကျွန်​​တော့်​ကမ္ဘာမှာရတနာ၁ခုပါ

In My Heart(ရင်​ထဲမှ)[Complete ]Where stories live. Discover now