ဆောင်းတွင်း အိမ်မက် ကယောက်ကယက်တဲ့။
ဒီဇင်ဘာအိမ်မက်တွေထဲမှာ သွေးပျက်အောင်ပြေးခဲ့ရဖူးတဲ့ ညအိမ်မက်တွေကို ပြန်မြင်တိုင်း အရူးအမူး ကြောက်ရွံ့အားငယ်နေခဲ့တယ်။ သူ့မျက်ဝန်းတွေကို မြင်ရတဲ့အချိန်ဟာ ငယ်ငယ်က အိမ်မက်တွေကို တစ်ဖန်ပြန်လည် အသက်သွင်းလိုက်သလိုဘဲ။ကျောင်းရဲ့ football player တစ်ယောက်အနေနဲ့ ဆေးလိပ်မသောက်ရဘူးဆိုတာ နားမလည်ဘူးလား။
ဆေးလိပ်သောက်နေချိန် သူဟာ တော်ဝင်မင်းသား တစ်ပါးလို ခံ့ညားလွန်းတာ တရားဝင်ပါရဲ့လား။ဟင့်အင်း အဲ့ဒါက Illegal။ဝေးဝေးဆီမှာ လှမ်းလာနေတဲ့
ကျောင်းအုပ် ကို လှမ်းမြင်တာမို့ ထိတ်ခနဲ့ လန့်သွားမိတယ်။အကယ်၍ သူ့ကိုသာ မိသွားခဲ့ရင် ဆိုတာမျိုးပေါ့လေ။ဒါပေမယ့် သူကတော့ကိုယ့်လိုမထင်ဘူး။အုတ်တံတိုင်း အပုလေးပေါ်ကို ပြေးတက်သွားတဲ့ အချိန် သူ့ရဲ့ လျှင်မြန် ဖျက်လက်နေမှုကို မှန်တွေအောက်က မျက်ဝန်းညိုတွေဟာ အသေအချာမြင်တွေ့လိုက်ရရင်း မညီမညာသွားနှစ်ချောင်းလေးကို မဖုံးနိုင်အောင် အံသဘြနန်း ဖြစ်ခဲ့ရတာ။နေ့လယ်ခင်း အတန်းတွေဟာ ငြီးငွေ့ဖွယ်။
မှန်ပြတင်းနားက သူဟာ ကောင်းကင်ပြာပြာနဲ့တိမ်တွေကို အကြောင်းမဲ့ငေးရီနေသည်တဲ့လေ။ ရည်းစားဦးအကြောင်းများ တွေးနေတာလားလို့ စဉ်းစားမိတော့ ကိုယ်ဟာ အကြောင်းမဲ့ ဒေါသတွေ ထွက်လာတယ်။"Jimin"
ဘောပင်ကို လှည့်နေတဲ့ သူ့ရဲ့ လက်ချောင်းရှည်သွယ်သွယ်တွေဟာ နေရောင်အောက်မှာ လင်းလက်နေလိုက်တာ။ဘောပင်လှည့်တတ်တာ
ယောကျာ်းလေးတိုင်း လိုလိုပါဘဲ။ဘာလို့ သူက မတူတာလဲ?ဘာလို့ Jeon Jung Kook က မတူတာလဲ?အကြောစိမ်းစိမ်းတွေ မြင်နေရတဲ့ လက်ဖျံကို ကိုယ်ဟာ ပါပီလေး တစ်ကောင်လို ကိုက်ချင်စိတ်ပေါက်လာတာပဲ။ အတွေးတွေက မြူခိုးငွေ့တွေနဲ့ တိမ်ဆိုင်တွေလို လွင့်ချင်ရာ လွင့်နေတုန်း ဘေးနားက Taemin ရဲ့ ခပ်အုပ်အုပ် လှမ်းခေါ်မှုကြောင့် ပစ္စုပ္ပန်မှာခြေချုပ်မိသွားတယ်။