တိတ်ဆိတ်မှောက်မိုက်ပြီးခြောက်ခြားဖွယ်
အတိပြီးသော တောကြီးမျက်မည်းရဲ့အလယ် ယုန်သူငယ်ဟာမျက်စိတောင်မှောက် လမ်းပျောက်နေလေရှာ ၏။ ဤ အချိန်တွင်မြေခွေးကိုကယ်တင်သူ ထင်မှတ်ကာ ကိုးစားရင်းလမ်းမှန်တွေ့မည်လောဟုဆက်ကာလိုက်သွား တော့လေသည်။ထိုအခါလမ်းပျောက်၍ ဒုက္ခရောက်နေခြင်းထက် သာ၍ ဆိုးရွားသော အမှောင်တိုက်သို့ ဝါးမြိုခြင်းခံရတော့၏။ကိုယ့်ရဲ့လက်အစုံဟာ ရေခဲတမျှအေးစက်နေပေမယ့် ကိုယ့်ရဲ့နှလုံးသားဟာအဆက်မပြတ်လှုပ်ခုန်နေ
ပါတယ်။နှုတ်ခမ်းထူထူကို ဖွဖွဖိကိုက်ရင်း လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းအတွက် နောင်တတရားဆိုတာ ဟိုးအဝေးဆုံးမှာ။တွဲကိုင်ထားတဲ့လက်တွေ ကိုမရဲတရဲ လမ်းကြည့်ရင်း ပျောက်ကွယ်သွားတော့မယ့် အိမ်မက်လိုလို။ခြေတစ်လှမ်းတိုင်း Jeon မပျောက်သေးတဲ့အတွက် သက်ပြင်းမောတွေသာ အကြိမ်ကြိမ်ချမိနေတော့တယ်။
Jeon။
ဒီအမည်နာမကို လှိုက်လှိုက်လှဲလှဲ ခေါ်မိတိုင်း ရင်ထဲက စွဲလမ်းမှုတွေကို အစာကျွေးနေသလိုပဲ။
ကိုယ့်ရဲ့ ပျောက်ဆုံးလေပြီးသော နံရိုးတစ်ချောင်း ရဲ့ ပိုင်ရှင်ဟာ Jeon ဆီက ခွင့်ပြုချက်မယူဘဲ ကိုယ် Jeon လို့ပဲ ယူသုံးထားမိတယ်။လျှောက်လာရင်း ကိုယ် Jeon ကိုမော်မကြည့်ရဲပါ။ ကိုယ့်အပေါ်တုံ့ပြန်မှုတွေကို ခံနိုင်ရည်မရှိသေးတာဖြစ်လို့ ဒီအိမ်မက်ကို အဆုံးသတ်ခွင့်ပေးပါ။ဒီအချိန်ဟာ ဆောင်းလေနဲ့အတူ ယော်ရမ်းပါသွားတော့မယ့် မူးရစ်စေတဲ့ ဆေးလိပ်ငွေ့တွေလို ခဏလေး ပေါ်ပေါက်ခဲ့မယ်ဆိုရင်တောင် ကိုယ်အရူးလို ဖမ်းဆုတ်ထားချင်တာမို့။
တင်းကျပ်ကျပ်လည်းမဟုတ် ခပ်ဖွဖွလည်းမဟုတ်ဘဲ ကိုယ့်ရဲ့လက်သေးသေးကို အမြင်ကပ်စရာကောင်းအောင် ကြီးမားလွန်းတဲ့ Jeonရဲ့ လက်ချောင်းတွေနဲ့ ယှက်နွယ်ထားမှုက ကိုယ့်အသည်းကို အေးသွားစေတယ်။Jeon ရဲ့ လက်ကနေတစ်ဆင့် သွေးကျောမျှင်လေးတစ်ခုစီ တိုင်း ဒိတ်ခနဲခုန်ခုန်ပြီး သွေးတိုးသွားတဲ့ အချက်တွေကို လိုက်မှတ်နေမိတယ်။ဒါတွေက Jeon ရဲ့ ရင်ခုန်သံလေးတွေ။