ဒေါက် ဒေါက်။
Jimin ရဲ့ နှုတ်ခမ်းသားနုနုတို့ဆီမှာပျော်ဝင်နေမိတုန်း တစ်ချက်ဆီကို သုံးစက္ကန့်ခြားခေါက်လိုက်တဲ့ တံခါးသံ နှစ်ချက်ကြောင့် အနမ်းကိုအဆုံးသတ်ရင်း အလွန်အမင်းစိတ်ရှုပ်လာရတော့သည်။တောက်!ဒီနေ့ကျမှ ဘာလို့ရောက်လာရတာလဲ မသိဘူး။ဘာလုပ်ရမှန်းကြံမရခင် အုပ်မိုးထားသော မျက်နှာလေးကိုကြည့်လိုက်မိသည်။
ရီဝေဝေလေး ကြည့်နေသော မျက်နှာလေးကြောင့် အမျိုးအမည်မသိသော ခံစားချက်နှင့်အတူ သူ့ကိုစိတ်ပူသွားမိသည်။ကုတင်ပေါ်က အမြန်ထလိုက်တော့ သူက ပြူးပြူးပြာပြာ မော့ကြည့်၏။" ခဏ "
ထိုသို့ပြောပြီး ကျွန်းအံဇွဲထဲက ဖယောင်းတိုင်အနီကို ထုတ်လိုက်ပြီး မီးငြိကာ ထွန်းလိုက်သည်။နှဖူးကို ဖွဖွနမ်းလိုက်ပြီး ပြန်လာမယ် လို့ပြောပြီး အခန်းထဲက အမြန်ထွက်လိုက်သည်။နားမလည်နိုင်မှုနှင့် စိတ်မကောင်းဖြစ်နေသော မျက်နှာလေးကို ခဏတော့ လျစ်လျူရှု ခဲ့ရတော့၏။စိတ်မကောင်းမဖြစ်ပါနဲ့။မင်းခဏနေရင် အိပ်ပျော်သွားတော့မှာပါ။အိမ်မက်အဖြစ်သာရှိနေပေးပါ။ မင်းအတွက် စိုးရိမ်ပေးနေမိတာ ကိုယ့်ကိုကိုယ် နားမလည်တော့ဘူး။အင်္ကျီကို အမြန်အဆန်ပင် ဝတ်ပြီး အခန်းတံခါးဆီသို့။
အခန်းတံခါးကို ဖွင့်လိုက်တော့ အိမ်စောင့်အဖိုးကြီးက ခပ်ကျုံ့ကျုံ့ရပ်နေသည်။ထိုလူကြီးကိုပါ ခပ်စူးစူးကြည့်လိုက်ပြီး အိပ်ကပ်ထဲက ဖုန်းကို တစ်ချက်ထုတ်လိုက်ရင်း မနေ့က ရိုက်ထားတဲ့ ကလပ်ကပုံကို တင်ပြီးအခုရောက်နေသလိုအခြေအနေဖန်တီးလိုက်ရသေး၏။အဘက်ဘက်က စိတ်ချရအောင်လုပ်ထားရမည်။ဒါပေမယ့် ဘာလို့လဲ။ဘာလို့ အခုမှတွေ့လာတဲ့ ပိုးဟပ်ဖြူအတွက် စိတ်ပူနေတာလဲ။ဒါငါ့ပုံစံမျိုးမဟုတ်ဘူး။
" ဖုန်းဆက်ထားတာကြာပြီလား "
" မကြာသေးပါဘူး သခင်လေး "