" ကြည့်လှချည်လား "
Nam Joon အသံကား သူတို့သုံးဦးထိုင်နေ သည့်စားပွဲတွင် တိုးတိတ်စွာ ပေါ်ထွက်လာလေ
၏။Jungkook သူဆော့နေသည့် ဂိမ်းလောက်စိတ်ဝင်စားရမည့်အကြောင်း မဟုတ်ဟု တွေးလိုက်ကာ အာရုံ စိုက်ဟန် တစ်စုံတစ်ရာမပြုတော့ Tae hyung မှ သက်ပြင်းချလိုက်ကာ စားလက်စကိုရပ်ရင်း Nam joon ကိုအာရုံစိုက်လိုက်သည်။" ဘာပြောချင်တာလဲ "
" ဟိုကောင်လေးလေ Jung kook ကို တစ်ချိန်လုံးကြည့်နေတာ "
" Shit!! "
သူတို့နှစ်ဦးစလုံး Jung kook ဘက်ကိုပြိုင်တူ လှည့်ကြည့်တော့ ဂိမ်းရှုံးနေသော မကျေမနပ် မျက်နှာဘေးဖြင့် ဖုန်းကို ဘေးချကာ သူတို့ဘက် အာရုံစိုက်လာသည့် Jung kook။
" ငါ့ကိုဘာလို့ကြည့်နေတာလဲ "
" ကြိုက်နေတာထင်တယ် "
" Tae hyung! "
စိတ်တိုတိုဖြင့် စကားဆက်ပြောခြင်းကို ဟန့်တား လိုက်သည့်Jeongguk။မျိုးတူယောကျာ်းလေး တစ်ယောက်က လာကြိုက်နေသည်ဆိုတာ နှစ်မြို့ချင်စရာ တစ်ခုမျှမရှိပါ။
" မဟုတ်ဘူး Jung kook သူပြောတာ တကယ်ဖြစ်နိုင်တယ် "
" မင်းတို့က Gay လားကွ "
နားမလည်သလိုလုပ်ရင်း Jung kook မေးလေတော့ အစား၌သာ နှစ်ယောက်လုံး ပြန်လည်အာရုံစိုက်လိုက်ကြသည်။ရန်ဖြစ်ရန် အချိန်ကောင်းမဟုတ်ဟု တွေးမိပုံပင်။
ပြီးတော့ကား ဤကျောင်းကိုထောက်ပံ့သမျှ ရန်ပုံငွေတိုင်းထက် အတိုင်းအဆမရှိများသော ထောက်ပံ့မှုများကို ပံ့ပိုးနေသည့်သူဋ္ဌေးတစ်ဦး၏ သားဖြစ်သူနှင့် မည်သူမျှရန်ဖက်ဖြစ်ချင်မည် မထင်ပါ။Tae hyung နှင့် Nam Joonဆို သူတို့ပြည်နယ်လေးအရ ဝန်ကြီးများ၏ သားများဖြစ်လင့်ကစား Jung kook နှင့်တော့ ယှဉ်၍ရမည်မထင်။မချစ်သော်လည်း အောင့်ကာသာ နမ်းရ၏။
သစ်ပင်အောက်၌ ထိုင်ကာ ရေခဲချောင်းစားနေသည့် ပိုးဟပ်ဖြူလို သေးကွေးသည့် မျက်မှန်ထူထူနှင့် ကောင်လေး သည် သူ့ရဲ့ သူငယ်ချင်း?ဖြစ်ဟန်တူသူနှင့် စကားပြောနေသည်ကိုတွေ့၏။ဆွယ်တာ အင်္ကျီ၏ လက်မှာ ရှည်နေသောကြောင့် ရေခဲချောင်းမှအရည် ပျော်လာသော အချိုရည်များ ပေကျံနေလောက်သည်။
ထိုကောင်လေးကိုသူမြင်ဖူးဟန်ရှိနေသော်ငြား အမှုမဲ့အမှတ်မဲ့ပင်။