SMOKEY EYES<>Four

1.1K 149 10
                                    

မိုးသည်းည​တွေဆို နာကျင်​စွာ 
အော်​ဟစ်​ညည်းညူ​နေတဲ့ တ​စ္ဆေ တစ်​​ကောင်​ရဲ့ ငိုသံကိုကြားရတယ်​။အဲ့ဒီညက စိမ်းကားစွာ တစ်​ချက်​လှည့်​ကြည့်​သွားတဲ့ ပထဝီ​မြေကြီးကို ​တွေ့လိုက်​ရတဲ့အခိုက်​ ကမ္ဘာကြီးမှာငရဲသား​တွေ ပြည့်​နှက်​​နေသလို ​အော်​ဟစ်​သံ​တွေ ဆူညံသွား​တော့တယ်​။ရင်​ဘတ်​မှာ​ရော ဦး​နှောက်​အသိဉာဏ်​မှာပါ အ​မေဆိုတဲ့ နာဗ်​​ကြော​လေး တစ်​မျှင်​ပြတ်​​တောက်​သွား​စေချင်​လိုက်​တာ။
အ​ဖေ့ရဲ့ မျက်​ရည်​​တွေကို အ​မှောင်​ချထားတဲ့ အိမ်​ငယ်​​လေးရဲ့ ပြတင်း​ပေါက်​​သေး​သေး​လေးက တစ်​ဆင့်​ တစ်​ချက်​တစ်​ချက်​ဖြာထွက်​သွားတဲ့ လျှပ်​ပန်းလျှပ်​နွယ်​​တွေရဲ့ မီး​ရောင်​နဲ့ မြင်​ခဲ့ရတယ်​။

အချစ်​ဆိုတာကို သာမာန်​ စိတ္တဇနာမ်​​လေး တစ်​ခုထက်​ပိုမြင်​မိတဲ့သူတိုင်း ရင်​ခွဲခံရမယ်​ဆိုတာ ပိုက်​ဆံဆိုလို့ခြူးတစ်​ပြားမှ မကျန်​​တော့တဲ့အချိန်​မှာ နဖူး​တွေ့ဒူး​တွေ့သိ​စေရမယ်​။ နာမည်ကြီး ကလပ်​တစ်​ခုရဲ့​ရှေ့မှာ ဖြစ်​ခဲ့​လေတယ်​။ နှုတ်​ခမ်းနီ​တွေ မိတ်​ကပ်​​တွေ ထူပိန်း​နေ​အောင်​လိမ်းထားတဲ့
မိန်းမကြီးတစ်​​ယောက်​ဟာ ဗိုက်​ရွဲရွဲ​ ထိပ်​ပြောင်​​ပြောင်​ အရပ်​ပုပုနဲ့ ပိုက်​ဆံအိတ်​​ဖောင်း​ဖောင်းကြီးကိုင်​ထားတဲ့ လူကြီးရဲ့ ကားတံခါးဖွင့်​​ပေးမှုကို ​ကျေနပ်​စွာတစ်​ချက်
ရယ်​​မောလိုက်​တယ်​။ ခန္ဓာကိုယ်​ပါ တသိမ့်​သိမ့်
့တုန်​ခါ​အောင်​ရယ်​လိုက်​တာ​ကြောင့်​လက်​ထဲက မီးညှိပြီးသား စီးကရက်​ရဲ့ပြာတစ်​ချို့ ဖွားကနဲ ဖွားကနဲ လွင့်​စင်​သွားတယ်​။

အဲ့ဒီမိန်းမကြီးအနားကို ​နောက်​ဆုံးလက်​ကျန်​ ဘာမှန်းမသိတဲ့ စိတ်​ခံစားမှုနဲ့ တိုးကပ်​သွားပြီး ဇာလက်​အိတ်​ အနက်​​ရောင်​စွတ်​ထားတဲ့ သွယ်​လျှလျှ လက်​တစ်​ဖက်​ကို ဆွဲလိုက်​​တော့ ရယ်​​နေရင်းက တစ်​ချက်​လှည့်​ကြည့်​တယ်​။
သူ့ကိုမြင်​​တော့ ဇင်​​ယော်​​တောင်​မျက်​ခုံး​တွေဟာ တွန့်​ချိုးပြီး ​သွေးပျက်​စွာ လက်​ကို ပုတ်​ထုတ်​ပြစ်​လိုက်​တဲ့ အ..အ​မေ။
ဂြိုလ်​​ကောင်​​လေးဟု ပါးစပ်​က ဖွဖွ​ရေရွတ်​ပြီး​နောက်​ အဆက်​မပြတ်​ဆဲ​ရေးရင်း လက်​ကပါ ရိုက်​ပုတ်​ကာ ထွက်​သွားဖို့နှင်​လွှတ်​​နေသည်​။လမ်း​ဘေး​ခွေးဝဲစား တစ်​​ကောင်​ကို နှင်​လွှတ်​​နေသလိုမျိုး။

smσkєч єчєsWhere stories live. Discover now